သတင်းများ

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၉/၂၀၂၁) ကျင်းပ
Jul 10,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/၂၀၂၁)ကို Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းနှင့် နမ္မတီးမြို့များ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Jul 10,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင် ဦးမျိုးဆွေနှင့်အတူ မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းနှင့် နမ္မတီးမြို့တို့၌ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီးမြို့များ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၈ နာရီတွင် သွားရောက် ကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးစင်တာများ လိုက်လံကြည့်ရှုစစ်ဆေး
Jul 10,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက် ၉ နာရီခွဲက ပဲခူးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးစင်တာများ လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်လက်ရွေးစင် အသက်(၂၅)နှစ် အောက် အမျိုးသမီး ဘောလုံးအသင်း လေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေး
Jul 10,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း ပြည်နယ် လက်ရွေးစင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအသင်း လေ့ကျင့်နေမှုကို ဇူလိုင် ၈ ရက် ညနေ ၄ နာရီခွဲတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
မချမ်းဘော့မြို့နယ်၌ Mask Campaign ပြုလုပ်ခြင်းနှင့် ဌာနဆိုင်ရာရုံးများတွင် ကိုဗစ်-၁၉ ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်
Jul 10,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်၊ ကူးစက်ပျံ့နှံ့မှုကင်းဝေးစေရန်ရည်ရွယ်၍ Mask Campaignပြုလုပ်ခြင်းနှင့် ဌာနဆိုင်ရာရုံးများတွင် ကိုဗစ်-၁၉ ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ကျိုင်းတုံမြို့ နောင်ခမ်းကန် အဆင်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Jul 10,2021
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် Clean and Green City ရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျိုင်းတုံမြို့နောင်ခမ်းကန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနနှင့် လွိုင်မွေဆောက်လုပ်ရေးကုမ္ပဏီတို့မှ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ချမ်းအေးသာစံမြို့နယ်တွင် လျှပ်စစ်မီးအပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား
Jul 10,2021
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်​ကောက်ရပ်ကွက်၊ ၅၅လမ်း၊ ၃၂လမ်းနှင့် ၃၃လမ်းကြားရှိ ထရံကာ၊ သွပ်မိုး၊ ပျဉ်ခင်း ​နေအိမ်ရှိ ထမင်း၊ ဟင်းချက်ပြုတ်သည့် နေရာတွင် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၉နာရီ ၄၇မိနစ်က ဟင်းချက်သည့် ဒယ်နီအိုးအား မီးပလပ်တပ်ထားခဲ့ရာမှ အပူလွန်ကဲပြီး မီး​လောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။