လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၉၆)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၁၈)ဦး ထိရှိလာ

လပွတ္တာ ဇူလိုင် ၁၁

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ဇူလိုင် ၈ ရက်နေ့နှင့် ဇူလိုင် ၉ ရက်နေ့တွင် ကိုဗစ်-၁၉ Positive လူနာများ၏ မိသားစုဝင်များနှင့် ထိတွေ့ဆက်စပ်ခဲ့သူများနှင့် ကုတင် ၂၀၀ ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့သူ စုစုပေါင်း(၁၇)ဦးအား စစ်ဆေးခဲ့ရာ ကျား(၆)ဦး၊ မ(၆)ဦး၊ စုစုပေါင်း(၁၂)တို့အား ပိုးတွေ့ရှိခဲ့ရပြီ ဆေးရုံဆင်းခွင့်ရှိသူ(၄)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ကော်မတီမှ သိရသည်။

လပွတ္တာမြို့နယ်တွင် အမှတ်-၅ရပ်ကွက် အောင်မင်္ဂလာလမ်း ကျား(၁)ဦး၊ ကုတင်-၂၀၀ ဆေးရုံ ဝန်ထမ်းအိမ်ရာမ(၁)ဦး၊ လ/မြောက် မ(၁)ဦး၊ အမှတ် ၅ ရပ်ကွက် ဆိုင်ကယ်ပြင် ကျား(၁)ဦး၊ ကောင်းသစ်ဂဏန်းဒိုင် လုပ်သား ကျား(၁)ဦး၊ အမှတ် ၃ ရပ်ကွက် ဆိုင်ကယ်ကယ်ရီမောင်း ကျား(၁) ဦး၊ မကျည်းပင် ကျေးရွာကျား(၁)ဦး၊ မ(၂)ဦး၊ လ/မြောက်ကျေးရွာ မ(၁)ဦး၊ အမှတ် ၅ ရပ်ကွက် နတ်စင်လမ်း မ(၁)ဦးနှင့် ခရိုင်ကျေးလက်လမ်းဌာနမှ ကျား(၁)ဦး ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာများအား မြို့နယ်ကိုဗစ်ကော်မတီနှင့် ခရိုင်/မြို့နယ် ကုသရေး ဦးစီးဌာနတို့က ခုတင်(၂၀၀) ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင်တွင် ထားရှိ၍ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးလျက်ရှိပြီး ၎င်းတို့​နေအိမ်များအား ကန့်သတ်နယ်မြေအဖြစ် ဆောင်ရွက် ထားလျက်ရှိပြီး လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း(၉၆)ဦး ထိရှိခဲ့ပြီး ဆေးရုံးဆင်းခွင့်ရရှိသူ စုစုပေါင်း(၁၈)ထိရှိလာပြီဖြစ်ပြီး ဆက်လက် ကုသဆဲလူနာ စုစုပေါင်း (၇၈)ဦး ရှိကြောင်း သိရသည်။

လပွတ္တာခရိုင်(ပြန်/ဆက်)