ဗန်းမောက် ဇူလိုင် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူများ ရောဂါပျောက်ကင်းသဖြင့် ယမန်နေ့နံနက် ၁၀ နာရီခွဲတွင် ဆေးရုံဆင်းခွင့်ရကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက ပြောကြားချက်အရ သိရသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် လျက်ရှိရာ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ဇွန်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် တွေ့ရှိရမှု များပြားလာပြီး ဇူလိုင်လ ၉ ရက်နေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၈၆)ဦးရှိပြီး ဖြစ်ပါသည်။
ယနေ့တွင် ကျန်းမာရေး ကောင်းသဖြင့် ဆေးရုံးခွင့်ရရှိသူ(၈၇)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ပါသည်။ ကိုဗစ်-၁၉ရောဂါဖြင့် ဆေးရုံဆင်းခွင့်ရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက မိမိနေအိမ်အတွင်း (၁)ပတ်တိတိ နေထိုင်ရေး (Stay at Home) အစီအစဉ်ဖြင့် နေထိုင်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)