ပြင်ဦးလွင် ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု မြင့်မားလာသည့်အတွက် ရောဂါ ကူးစက်မှုကာကွယ်ရန် ပြင်ဦးလွင် မြို့မစျေးကြီးအား ဇူလိုက်လ ၁၁ ရက်နေ့မှ စတင်ပြီး ဈေးဖွင့်ချိန်ကို နံနက် ၆ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ ပြောင်းလဲသတ်မှတ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဈေးကြီးအတွင်း အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ဟင်းသီး ဟင်းရွက်၊ အသား၊ ငါး၊ ဒေသထွက် စားသောက်ကုန်များ၊ မုန့်ဆိုင်များ ဖွင့်လှစ်ပေး ထားမည်ပြီး ကျန်ဆိုင်ခန်းများအားလုံးကို ပိတ်ထားမည် ဖြစ်ကြောင်းနှင့် ဈေးကြီး B ရုံ နှင့် C ရုံတံခါးများကိုမူ ဖွင့်လှစ်ပေးထားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)