ဝေါ ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ယမန်နေ့ ညနေပိုင်းထိ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ RDT Test Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာအသစ်(၄၄)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ အတည်ပြုလူနာများကို ဝေါမြို့နယ် ပိုးတွေ့ရှိမှု (၁၀.၇.၂၀၂၁) ယခင်(၁၃၃)ဦး၊ ယခု(၄၄)ဦး၊ စုစုပေါင်း(၁၇၇) ဦး၊ ဆေးရုံတက်ရောက်မှု ယခင်(၁၃၃)၊ ယခု(၄၄)၊ စုစုပေါင်း (၁၇၇)၊ ဆေးရုံဆင်း(မရှိ)၊ ဆေးရုံကျန်(၁၇၇)ဦး၊ ဆေးရုံဟောင်း(၄၃)ဦး၊ ဆေးရုံဝန်ထမ်းအိမ်ရာ(၃၀)ဦး၊ အားကာခန်းမ(၇၄)ဦး၊ အထက(ဝေါ)(၃၀)ဦး၊ Contactများ ထိတွေ့မှု ယခင်(၃၆၄)ဦး၊ ယခု(၄၈)ဦး၊ စုစုပေါင်(၄၁၂) ဦး၊ Contact များအား FQ ထားရှိမှု၊ ရွှေဘုံးပွင့်(၈၀)ဦး၊ မြို့ဦးကျောင်းဓမ္မာရုံ(၁၁၈)ဦး၊ ကြာလဟာရွာ(၅၅)ဦး၊ (ဘကဆွမ်းစားဆောင်) ဆင်ရွာ(၄၅) ဦး၊ (တိုက်နယ်ဆေးရုံသစ်)ညောင်ခါးရှည်ရွာ(၅၆)ဦး၊ (ဓမ္မာရုံ) သုခိတာဘကကျောင်း(၄၈)ဦး၊ စိုက်ဘဏ်ရုံး(၄)ဦး၊ ဥပဒေရုံး(၆)ဦး၊ ဇူလိုင်လ ၁၀ နေ့လယ်ပိုင်းတွင် FQရှိ (၁၄၇)ဦးအား နှာခေါင်းနှင့်အာခေါင်တို့ဖတ်ယူပြီး ရန်ကုန် NHL သို့ ပို့ဆောင် စစ်ဆေးထားကြောင်း သိရသည်။
Positive များထားရှိနိုင်ရန်အတွက် ဝေါအထကတွင် ကျား(၁၀၀)ဆံ့ ဧရာဝတီ ကျောင်းဆောင် (၂)ထပ်နှင့် မ(၁၁၀)ဆံ့ စစ်တောင်းကျောင်းဆောင် (၂)ထပ်တို့အား ကုသရေးစင်တာအသစ် ပြင်ဆင် ဆောင်ရွက်ပြီး ယနေ့ညနေပိုင်းတွင် (၃၆)ဦး ထားရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များက ပူးပေါင်းကာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)