ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေနှင့် ကာကွယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ဗန်းမော် ဇူလိုင် ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များအား အလှူငွေနှင့် ကာကွယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဗန်းမော်ခရိုင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်က ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေမှု အခြေအနေနှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ကြပ်မတ်စစ်ဆေးနေခြင်းများ၊ အသိပညာပေး လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ ရောဂါပိုးကူးစက်ခံရသည့် လူနာများအား ကျန်းမာရေး ဆေးကုသ ပေးနေမှု အနေအခြေများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် အလှူရှင်များဖြစ်သည့် ကုမ္ပဏီများကိုယ်စား ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးသဉ္ဇာကျော်မှ အလှူငွေကျပ်(၁၅)သိန်း၊ ဂရိတ်ကင်းမြန်မာ ကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာ ဦးကျော်မင်းခိုင်မှ အလှူငွေကျပ်(၁၀)သိန်း၊ မြို့နယ်အကောက်ခွန် ဦးစီးဌာနမှ မြို့နယ်အကောက်ခွန်ဦးစီးမှူး ဦးထွဋ်မြတ်အောင်က အလှူငွေ ကျပ်(၅)သိန်း၊ ခရိုင်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းလှိုင်က ခေါင်းအုံး(၅ဝ)လုံး၊ ဟိန်းအောင်ဆီဆိုင်(မိသားစု)မှ စက်သုံးဆီ(၄)ပေပါတို့ကို ပေးအပ်လှူဒါန်းကြရာ ဗန်းမော်ခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ တွဲဖက် အတွင်းရေးမှူး ဦးအောင်ဆွေက လက်ခံရယူ ခဲ့သည်။

ဆက်လက်၍ နယ်စပ်ကုန်သည်ကြီးများအသင်မှ အလှူငွေကျပ်(၃ဝ)သိန်း၊ ထက်ရှိုင်းလင်း ကုမ္ပဏီမှ ဒါရိုက်တာ ဦးနေထွန်းဦးက အလှူငွေကျပ်(၅)သိန်း၊ ကိုဘယ်ကြီးမှ အလှူငွေကျပ်(၅)သိန်း၊ ရွှေတောင်တန်းဆီဆိုင်မှ အလှူငွေကျပ် (၁)သိန်း၊ ဆုထူးပန်ကုမ္ပဏီမှ အလှူငွေကျပ်(၄)သိန်း၊ အာရှမြန်မာ ကုမ္ပဏီမှ အလှူငွေကျပ်(၄)သိန်း၊ မန်းပြည်တံခွန်ကုမ္ပဏီမှ အလှူငွေ(၅)သိန်း၊ တက်နေလင်း မော်တော်ယာဉ်အသင်းမှ ငွေကျပ်(၃)သိန်းနှင့် ဂရင်းရဲထွဋ်ကုမ္ပဏီမှ အလှူငွေ (၁၅)သိန်းတို့ကို ပေးအပ် လှူဒါန်းခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကျော်မင်းခိုင်က လက်ခံရယူခဲ့သည်။

ယင်းနောက် ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးတွင် ပါဝင်ကူညီ ဆောင်ရွက်နေသည့် စေတနာ့ ဝန်ထမ်းအဖွဲ့များထံ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများကို ဗန်းမော်ခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များက အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)