ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် Life Jacket များ စနစ်တကျဝတ်ဆင်ရေး အသိပညာပေး
Jul 09,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေလမ်းခရီးသွား ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Life Jacket အသက်ကယ်အင်္ကျီ များစနစ်တကျဝတ်ဆင်ပြီး ခရီးသွားလာနိုင်ရန်ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက မြို့နယ် အတွင်းရှိ ဘုတ်ဆိပ်၊ စက်လှေဆိပ်များသို့သွားရောက်ပြီး ဈေးဝယ်ရန်လာရောက်ကြသော ပြည်သူ များကို အသက်ကယ်အင်္ကျီ(LifeJacket)များ စနစ်တကျဝတ်ဆင်အသုံးပြုတတ်စေရေး လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်းသိရသည်။