သံတွဲ ဇူလိုင် ၁၁
သံတွဲခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်း ဦးဆောင်သည့် အဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီက သံတွဲခရိုင် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူနှင့် ထိတွေ့သူ(၁၇)ဦးနှင့် အနံ့ပျောက်သူ(၃)ဦး စုစုပေါင်း ၂၀ ဦးတို့အား စစ်ဆေးရာ (၁၁)ဦး ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
သံတွဲမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါဖြစ်ပွါးမှု အခြေအနေမှာ ၉၆ ဦး အထိရှိပြီး ၃၆ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ လူနာများကို သံတွဲဆေးရုံတွင် ၁၀ ဦး၊ ငပလီဆေးရုံတွင် ၅၀ ဦးထားရှိကာ စုစုပေါင်း ၆၀ ဦးအား ဆေးကုသမှု ပေးလျက်ရှိပြီး အားလုံးသူမှာ ကျန်းမာရေး ကောင်းမွန် လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)