သတင်းများ

တာချီလိတ်ခရိုင် ဆေးရုံကြီးသို့ ကိုဗစ်လူနာများအတွက် အောက်စီဂျင် အသက်ရှူစက်များ လာရောက်လှူဒါန်း
Jul 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ခရိုင် ပြည်သူ့ဆေးရုံသို့ ကိုဗစ်- ၁၉ လူနာများအတွက် အောက်စီဂျင် အသက်ရှုစက် ၄ လုံးကို ယမန်နေ့က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ နေအိမ်ပြင်ပထွက်ခွာ သွားလာသူများအနေဖြင့် Mask တပ်ဆင်အသုံးပြုခြင်း မရှိသူများအား စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်
Jul 12,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့တွင်းရှိ လမ်းဆုံလမ်းခွများ၌ Mask Campaign ပြုလုပ်ခြင်း၊ အသံချဲ့စက်ဖြင့် အသိပညာပေးကြေညာ ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီဖြစ်ကာ ယနေ့ နံနက် ၈နာရီအချိန်မှစ၍ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအနေဖြင့် Mask တပ်ဆင်အသုံးပြုခြင်းမရှိသူများအား စစ်ဆေးအရေးယူခြင်းကို ကော့ကရိတ်မြို့ဝင်ဂိတ်နှင့် လမ်းဆုံများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ဆောင်ရွက်
Jul 12,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သောမိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ကနောင်လုံအရှေ့ကျေးရွာ တောင်သူ ဦးအောင်ရွေ၏ မျိုးစေ့ထုတ်စိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုး ဆောင်ခြင်းများဆောင်ရွက်
Jul 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ည(၇)နာရီက မြို့နယ် မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တနင်္သာရီမြို့အဝင်/အထွက် တံတားထိပ်နေရာ၌ COVID-19 ကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးမှုများ ပူးပေါင်းဆောင်ရွက်
Jul 12,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တနင်္သာရီမြို့၏ အဝင်/ အထွက်နေရာ ဖြစ်သော တနင်္သာရီတံတားထိပ်(အောက်ကင်းဘက်ခြမ်း)ရှိ နဂါးရုပ်တုအရှေ့ ယာယီမဏ္ဍပ်နေရာ၌ ကိုဗစ်-၁၉ ကူးစက်မြန် တတိယလှိုင်း မျိုးရိုးဗီဇ ပြောင်းလဲသော ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ စစ်ဆေးရေးဂိတ်ကို ဇူလိုင်လ၁၀ ရက်နေ့စ၍ နေ့စဉ်နံနက် ၉နာရီ အချိန်မှ မွန်းလွှဲ၃နာရီ၃၀အထိ ဖွင့်လှစ်၍ တိုင်းဒေသကြီး/ပြည်နယ်ကျော်မှ လာရောက်မည့် ခရီးသွားပြည်သူများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ကျော်သို့ သွားရောက်မည့် ခရီးသွား ပြည်သူများအား အဓိကထား၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအဖြစ် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
နတ်တလင်းမြို့နယ်တွင် အနှေးယာဉ်လုပ်သားများအား စားသောက်ကုန်များလှူဒါန်း
Jul 12,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် မြို့မရပ်ကွက်၊ မင်းလမ်း အောင်မေတ္တာစိန်ရွှေရတနာဆိုင်မှ ယနေ့ နံနက်ပိုင်းက အနှေးယာဉ် လုပ်သားများအား စားသောက်ကုန်ပစ္စည်းများ လှူဒါန်းကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ကျန်းမာရေးပြန်လည်ကောင်းမွန်သူ (၅၂) ဦး ဆေးရုံဆင်း‌ ခွင့်ရရှိ
Jul 12,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများကို ပြည်သူ့ဆေးရုံ၊ အမှတ် (၇)ရပ်ကွက်၊ ပြည်တော်သာအိုးအိမ်ဝန်ထမ်းအိမ်ယာသစ်၊ အ.ထ.က မင်းလှ မြို့ပြင်ကျောင်း၊ စစ်ကွင်း တိုက်နယ်ဆေးရုံ၊ အ.ထ.က စစ်ကွင်းကျောင်းတို့တွင် မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျန်းမာရေးကောင်းမွန်သူ(၅၂)ဦး ဆေးရုံ ဆင်းခွင့်ရရှိကြောင်း သိရသည်။
အောင်ပွဲရကရင်ပြည်နယ်ဘောလုံးအသင်းအားဂုဏ်ပြု
Jul 11,2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခဲ့သည့် ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုဖြင့် အောင်ပွဲရရှိခဲ့သည့် ကရင်ပြည်နယ်ဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။