သန်လျင် ဇူလိုင် ၁၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် မြို့နယ်အတွင်း ရောဂါပိုးပျံ့နှံ့မှုလျော့နည်းကျဆင်းစေရေးအတွက် ဖျားနာ၊ အနံ့ပျောက် လူနာများအား ကုသပေးနိုင်ရန် Fever Clinic ဆေးခန်းကို ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) အထွေထွေရောဂါကုဆေးရုံကြီး ပြင်ပလူနာဌာန ဆေးကုသဆောင်အနီး၌ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) အထွေအထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီးထံမှ သိရသည်။
အဆိုပါ Fever Clinic ဆေးခန်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးကာ ဆေးခန်းအား နေ့စဉ် နံနက် (၉)နာရီမှ မွန်းတည့် (၁၂)နာရီအထိ ပိတ်ရက်မရှိဖွင့်လှစ်မည်ဖြစ်ကာ ဖျားနာ၊ ချောင်းဆိုး၊ အာသီးရောင်လူနာများနှင့် အနံ့ပျောက်လူနာများအား ကုသပေးနိုင်ရေးအတွက် ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံမှုများဖြစ်ပွားလျက်ရှိရာ ပိုးတွေ့အတည်ပြုလူနာ ၅၇ ဦးအထိရှိပြီး ပိုတွေ့အတည်ပြုလူနာ သေဆုံးသူ ၄ ဦးအထိ ရှိလာသဖြင့် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်