သတင်းများ

သဲကုန်းမြို့၌ Stay at Home မြို့နယ်များမှပြန်လာသူများအား အသွားအလာ ကန့်သတ်ထားရှိရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်
Jul 14,2021
ပဲခူးတိုင်း​ဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်းသို့ Stay at Home မြို့နယ်များမှ ပြန်လာသူများအား အသွားအလာ ကန့်သတ်ထားရှိနိုင်ရန်အတွက် သဲကုန်းမြို့ နယ်၊ ရပ်ကွက်(၄)၊ တပ်ရွာလမ်းရှိ ဓမ္မမာမကပညာဒါနကျောင်းအား ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို ယ​မန်နေ့က ကိုဗစ်​-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦး​ဆောင်မှုဖြင့် ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးယဉ်ထွေး၊ စီမံအုပ်ချုပ်အဖွဲ့ဝင် ဗိုလ်မှူး​အောင်ဝင်းထွန်းနှင့် အဖွဲ့ဝင်များ၊ အထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်(၄) အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ပူး​ပေါင်း​ဆောင်ရွက်ခဲ့ကြသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင် အထွက် ဂိတ်ယာယီပိတ်ထား
Jul 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်ခြားမှ ဝင်ရောက်မည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်နှင့် ခရီးသွားများ အား (၁၂. ၇. ၂၀၂၁)ရက်မှ (၂၂. ၇. ၂၀၂၁)ရက်နေ့အထိ မြို့အဝင်၊ အထွက် ယာယီပိတ် ထားလျက်ရှိကြောင်းသိရသည်။
ပဲခူးမြို့ပေါ်ရှိ ပဲခူး-ရန်ကုန် ကားလမ်းပေါ်ရှိ သွားလာသူများအား Stay at Home အစီအစဉ်အရ သတ်မှတ် စည်းကမ်းချက်နှင့်အညီ စစ်ဆေးဆောင်ရွက်
Jul 14,2021
ကိုဗစ်-၁၉ ရောဂါ လျှော့ချနိုင်ရေးအတွက် ပဲခူးမြို့ပေါ်ရှိ ပဲခူး-ရန်ကုန် ကားလမ်း ပဲခူး-သနပ်ပင် ကားလမ်းပေါ်ရှိ သွားလာသူများ Stay at Home အစီအစဉ် အရ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် စေရေး စိစစ်ကြီးကြပ်စစ်ဆေးခြင်းကို ယ‌နေ့ နံနက် (၈)နာရီ အချိန်က ပဲခူးမြို့ ပေါ်ရှိ ရပ်ကွက်၊ ဈေးများကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
သရက်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ (၁၁၀၉) ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ( ၉၅ ) ဦးရှိ
Jul 14,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့တွင် ဇွန် ၂၅ ရက်နေ့မှ ဇူလိုင် ၁၃ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ(၁၁၀၉)ဦး၊ ဆေးရုံတက်ရောက်ကုသနေသူ (၁၀၀၇)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၉၅)ဦးနှင့် သေဆုံးသူ (၇)ဦးရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲ ကြက်​ခြေနီသူနာပြုတပ်ဖွဲ့သို့​ အောက်ဆီဂျင်အိုးများ ဝယ်ယူနိုင်ရန်အတွက်​​ ငွေကျပ်(၁၀)သိန်းလှူဒါန်း
Jul 14,2021
ရန်ကုန်တိုင်း​ဒေသကြီး​၊​ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ကြက်​​ခြေနီအသင်းခွဲ ကြက်​ခြေနီ သူနာပြုတပ်ဖွဲ့သို့​ စေတနာရှင်ပြည်သူတစ်ဦးက အောက်ဆီဂျင်အိုးများ ဝယ်ယူနိုင်ရန်​အတွက် ငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့ကြောင်း မြို့နယ်ကြက်​​ခြေနီအသင်းခွဲကြက်​ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။
ကလိန်အောင်မြို့၌ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး အသိပညာပေး စစ်ဆေးခြင်းဆောင်ရွက်
Jul 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကဆောင်ရွက် ခဲ့သည်။
ငဖဲမြို့နယ် ငလှိုင်တောကျေးရွာတွင် လျှပ်စစ်မီးရရှိ
Jul 14,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ငလှိုင်တောကျေးရွာတွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကျော်နှင့်သန်းကုမ္မဏီက ကျေးရွာမီးရရှိရေးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လက စတင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ တွင် လမ်းမီးများစတင်ရရှိမည်ဖြစ်သည့်အတွက် လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ညနေ ၇ နာရီအချိန်က ငလှိုင်းတောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အင်းစိန်မြို့နယ်၊ တွဲလက်လူမှုကူညီရေးအဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လှူဒါန်း
Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တွဲလက်လူမှုကူညီရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် အလှူရှင်များက အလှူငွေများကို ယနေ့ နံနက်ပိုင်းက အသီးသီးလှူဒါန်းခဲ့ ကြောင်း သိရသည်။