သဲကုန်းမြို့၌ Stay at Home မြို့နယ်များမှပြန်လာသူများအား အသွားအလာ ကန့်သတ်ထားရှိရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်

သဲကုန်း  ဇူလိုင်  ၁၄

ပဲခူးတိုင်း​ဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်းသို့ Stay at Home မြို့နယ်များမှ ပြန်လာသူများအား အသွားအလာ ကန့်သတ်ထားရှိနိုင်ရန်အတွက် သဲကုန်းမြို့ နယ်၊ ရပ်ကွက်(၄)၊ တပ်ရွာလမ်းရှိ ဓမ္မမာမကပညာဒါနကျောင်းအား ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို ယ​မန်နေ့က ကိုဗစ်​-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦး​ဆောင်မှုဖြင့် ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးယဉ်ထွေး၊ စီမံအုပ်ချုပ်အဖွဲ့ဝင် ဗိုလ်မှူး​အောင်ဝင်းထွန်းနှင့် အဖွဲ့ဝင်များ၊ အထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်(၄) အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ပူး​ပေါင်း​ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါယာယီအဆောင်တွင် စုစု​ပေါင်း(၅၀)ဦး ထားရှိနိုင်မည်ဖြစ်​ပြီး Stay at Home မြို့နယ်များမှ ပြန်လာသူများ၊ ပိုး​တွေ့လူနာနှင့် ထိ​တွေ့ခဲ့သူများအား ​စောင့်ကြည့်နိုင်​ရေး​အတွက် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ အသိပညာ ပေးလုပ်ငန်းများကိုလည်း နေ့စဉ် အသံချဲ့စက်​ဖြင့် စဉ်ဆက်မပြတ် နှိုးဆော်လျှက်ရှိကြောင်းသိရှိရသည်။

နိုင်လင်း