ပဲခူးမြို့ပေါ်ရှိ ပဲခူး-ရန်ကုန် ကားလမ်းပေါ်ရှိ သွားလာသူများအား Stay at Home အစီအစဉ်အရ သတ်မှတ် စည်းကမ်းချက်နှင့်အညီ စစ်ဆေးဆောင်ရွက်

ပဲခူး ဇူလိုင် ၁၄
 
ကိုဗစ်-၁၉ ရောဂါ လျှော့ချနိုင်ရေးအတွက် ပဲခူးမြို့ပေါ်ရှိ ပဲခူး-ရန်ကုန် ကားလမ်း ပဲခူး-သနပ်ပင် ကားလမ်းပေါ်ရှိ သွားလာသူများ Stay at Home အစီအစဉ်အရ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် စေရေး စိစစ်ကြီးကြပ်စစ်ဆေးခြင်းကို ယ‌နေ့ နံနက် (၈)နာရီ အချိန်က ပဲခူးမြို့ ပေါ်ရှိ ရပ်ကွက်၊ ဈေးများကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
 
အဆိုပါ စိစစ်ကြပ်မတ်စစ်ဆေးရေးအဖွဲ့များဖြစ်သော ခရိုင်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဆောင်ပြီး စစ်ဆေးရေး အဖွဲ့များသည် ပဲခူးမြစ်ကူးတံတား အဆင်းရှိ ဂိတ်များရှိ ကျွန်းသာယာ ရပ်ကွက်ရုံးရှေ့လမ်း၊ ဘူတာဈေးများ၊ ပင်စည်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ မပြန့်ပွား စေရေးအတွက် သွားလာနေသော ပြည်သူများအား Mask တပ်ဆင် စေခြင်း၊ ဈေးဝယ်ကဒ်ဖြင့် သွားလာစေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့ လာမှုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာ၍ မိမိနေအိမ်အတွင်းသာ နေထိုင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက် များအတိုင်း လိုက်နာဆောင်ရွက်သွားလာကြရန် အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ပေးခြင်းများနှင့် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
မျိုးငြိမ်း