ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် မြင်းမူမြို့မဈေးအား ယာယီပိတ်သိမ်းမည်

မြင်းမူ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာများတွေ့ ရှိမှု များပြားလာခြင်းကြောင့် ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာဈေး (မြို့မဈေး)အား  ဇူလိုင်လ(၁၅)ရက်နေ့ မှ  (၂၃)ရက်နေ့ထိ (၉)ရက်ကြာ  ယာယီပိတ်ထား မည်ဖြစ်ကြောင်းသိရှိရသည်။

 

အဓိကလူစုလူဝေးရှိသည့်  ဈေးအရောင်းအဝယ်နေရာမျိုးမှတစ်ဆင့်    ရောဂါပိုးကူးစက်မှု များပြားလာနိုင်ကြောင်း  မြို့မဈေး အကျိုးတော်ဆောင် အဖွဲ့၏တင်ပြချက်အရ မြို့နယ် စီမံ ခန့်ခွဲမှုကော်မတီ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်   မြို့နယ်ကျန်းမာရေးဌာနတို့  ညှိနှိုင်း ဆွေးနွေးပြီး ယခုကဲ့သို့   မြို့နယ်စည်ပင်သာယာဈေးကို (၉)ရက်ကြာ  ခေတ္တယာယီ ပိတ်သိမ်းခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ထံမှသိရှိရသည်။

 

ယခုကဲ့သို့ မြို့မဈေးအား ခေတ္တယာယီပိတ်ထားသော်လည်း ပျံကျဈေး(ကုန်းစိမ်းတန်း)ကို  နံနက်ပိုင်း(၁၀)နာရီအချိန်ထိ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏   ညွှန်ကြားချက်နှင့်အညီဖွင့်လှစ်ရောင်းချခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)