ထန်ပါခွေ ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်ခြားမှ ဝင်ရောက်မည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်နှင့် ခရီးသွားများ အား (၁၂. ၇. ၂၀၂၁)ရက်မှ (၂၂. ၇. ၂၀၂၁)ရက်နေ့အထိ မြို့အဝင်၊ အထွက် ယာယီပိတ် ထားလျက်ရှိကြောင်းသိရသည်။
ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည့်သူများ၊ အရေးကြီးမဖြစ်မနေ ဖြတ်သန်း သွားလာမည်ဆိုပါက လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ကာ မြို့အတွင်းသို့ ဖြတ်သန်းသွား လာနိုင်ရေး အတွက် သက်ဆိုင်ရာဖုန်းနံပါတ်များထားရှိေပးကာ အဆိုပါပုဂ္ဂိုလ်များအား နံနက်(၈) နာရီမှ ညနေ(၅)နာရီအထိ သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း ထန်ပါခွေရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
ထန်ပါခွေမြို့သည် လတ်တလော ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိလျှက်ရှိသည့် လဟယ်မြို့နယ်၊ ခန္တီးမြို့နယ် တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက်ရှိသည့်အတွက်ကြောင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အတွက် ထန်ပါခွေမြို့နယ်နိမိတ်ဖြစ်သည့် နန်စလိန်ချောင်းတံတားထိပ် မြို့အဝင်၊ အထွက်ဂိတ်အား ခေတ္တယာယီပိတ်ထားရခြင်းဖြစ်ကြောင်း ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့မှသိရသည်။
ဟန်ထွန်း(အင်းဝ)