သတင်းများ

ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၂၉)ဦးထပ်မံတွေ့ရှိ
Jul 13,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့်ထိတွေ့ခဲ့ကြသည့် ပြည်သူများကို လုပ်ထုံးလုပ်နည်း နှင့်အညီ ရွေ့လျားရှာဖွေစနစ် ဖြင့် ကိုဗစ် -၁၉ရောဂါပိုးရှိ/မရှိ Swab နမူနာများရယူ၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ ယနေ့ နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီး(၄)ဦး နှင့် အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား(၁၆)ဦး၊ အမျိုးသမီး(၉)ဦး၊ စုစုပေါင်း(၂၉)ဦးတို့ထံတွင် ကိုဗစ်-၁၉ရောဂါပိုးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် (Take Away) ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် လက်တလောဖြစ်ပေါ်လျှက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊တားဆီးနိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များသည် ဇူလိုင် ၁၃ ရက် နေ့လည် ၁၀ နာရီခွဲ က မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ် (Take Away) ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်အတွင်းရှိ စျေးများ နံနက် ၆ နာရီမှ နံနက် ၁၀ နာရီအထိသာ ရောင်းချရန် ဒေသန္တရအမိန့်များ ထုတ်ပြန်ကြေညာ
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အား Stay at Home မြို့နယ်အဖြစ် သတ်မှတ် ကြေညာခဲ့၍ ယမန်နေ့မှစတင်ကာ ကျောက်တံခါး၊ ဖဒို၊ ပဲနွယ်ကုန်း၊ တောကျွဲအင်း(ခ) အောင်မြင်မြို့ များရှိ စည်ပင်သာယာရေး အဖွဲ့ပိုင်စျေးများအား နေ့စဉ် နံနက် ၆ နာရီမှ နံနက် ၁၀ နာရီအထိသာ ရောင်းချ ခွင့်ပြုကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ ဒေသန္တရအမိန့်ပြန်ချက် အရ သိရသည်။
ပင်လောင်းမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Jul 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့အဝင် ပင်လောင်း-ပျဉ်းမနား- လွိုင်ကော်လမ်းခွဲ ရင်းမှီးရပ်ကွက် စုပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ် - ၁၉ ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းကို နေ့စဉ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
သီပေါမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဘော်ကြိုမုဌောစေတီတော်ကြီးအား ဖူးမြော်ခွင့် ယာယီပိတ်ထား
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ရှေးဟောင်း သမိုင်းဝင် ဘော်ကြိုမုဌောစေတီတော်ကြီးအား ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အတွက် ဇူလိုင်လ ၁၁ရက်နေ့မှစတင်၍ ဖူးမြော်ကြည်ညိုခွင့်ကို ယာယီပိတ်ထားကြောင်း သိရသည်။
မန့်ဟီးရိုးမြို့ နောင်မွန်းကျေးရွာတွင် Stay at home နေထိုင်သည့် ပြည်သူများအား COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများထောက်ပံ့
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ ဒေသခံပြည်သူများအတွင်း ကိုဗစ်-၁၉ ရောဂါပြန့် ပွားမှုမရှိစေရေးအတွက် ဒေသခံပြည်သူများအား တစ်အိမ်လျှင်တစ်ဦးသာ ပြင်ပထွက်ခွာခွင့်ပြုခြင်းများနှင့် ရပ်ကွက်/ကျေးရွာများအတွင်း အဝင်/အထွက်သွားလာမှုများကို ကြတ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Jul 13,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများ လျော့ နည်းကျဆင်းစေရန်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ နှင့် အသိပညာပေးမှု များကို ဆောင်ရွက်လျက်ရှိနေသော်လည်း လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လက်ရှိ အချိန်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသည့် ကျေးရွာ များကိုသာ အဓိကထားကာ ကွင်းဆင်းအသိပညာပေးမှုများကို ဆောင်ရွက်နေကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နောင်ချိုမြို့ စေတနာမွန်လူမှုကူညီရေးအသင်းနှင့်ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းသို့ အလှူငွေများလှူဒါန်း
Jul 13,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ် စေတနာမွန် လူမှုကူညီရေးအသင်းနှင့် ဖြူစင်မေတ္တာလူမှု ကူညီရေးအသင်းသို့ အလှူငွေများ လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့က အလှူရှင် ဦးကျော်ဇော်လင်း မိသားစု နှင့် ရတနာမူကြို ၊ ရတနာ ကိုယ်ပိုင်ကျောင်း မိသားစုတို့မှ အလှူငွေများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။