သရက် ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့တွင် ဇွန် ၂၅ ရက်နေ့မှ ဇူလိုင် ၁၃ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ(၁၁၀၉)ဦး၊ ဆေးရုံတက်ရောက်ကုသနေသူ (၁၀၀၇)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၉၅)ဦးနှင့် သေဆုံးသူ (၇)ဦးရှိကြောင်း သိရသည်။
သရက်ခရိုင်၌ ယမန်နေ့က (RTD) Test Kit ဖြင့် (၆၂၃) ဦးအား စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိသူ (၁၇၈) ဦးရှိပြီး သရက်မြို့နယ်တွင် (၁၁၁) ဦးစစ်ဆေးရာ (၂၅) ဦး၊ အောင်လံမြို့နယ်တွင် (၃၅) ဦး စစ်ဆေးရာ (၂၅) ဦး၊ မင်းတုန်းမြို့တွင်(၅) ဦးစစ်ဆေးရာ (၅)ဦး၊ ကံမမြို့နယ်တွင် (၁၀၈) ဦးစစ်ဆေးရာ (၃၂) ဦး၊ မင်းလှမြို့နယ်တွင် (၂၇၈) ဦးစစ်ဆေးရာ (၅၈) ဦးနှင့် ဆင်ပေါင်ဝဲမြို့နယ်တွင် (၈၆) ဦးစစ်ဆေးရာ (၃၃) ဦးတို့တွင် ရောဂါပိုးတွေ့ရှိခဲ့သည်။
အဆိုပါ ပိုးတွေ့လူနာ (၁၁၀၉)ဦးတွင် သရက်မြို့၌ ပိုးတွေ့သူ(၂၇၃)ဦး၊ ဆေးရုံတက်ရောက်ကုသသူ (၂၃၈)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၃၄)ဦးနှင့် သေဆုံးသူ(၁)ဦး၊ အောင်လံမြို့၌ ပိုးတွေ့သူ(၂၁၅)ဦး၊ ဆေးရုံတက်ရောက်ကုသသူ (၂၀၉)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၃)ဦးနှင့် သေဆုံးသူ(၃)ဦး၊ မင်းတုန်းမြို့၌ ပိုးတွေ့သူ(၁၆၂)ဦး၊ ဆေးရုံတက်ရောက်ကုသသူ (၁၁၂)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၄၉)ဦးနှင့် သေဆုံးသူ (၁)ဦး၊ ကံမမြို့၌ ပိုးတွေ့သူ(၁၀၀)ဦး၊ ဆေးရုံတက်ရောက်ကုသသူ (၉၀)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၉)ဦးနှင့် သေဆုံးသူ(၁)ဦး၊ မင်းလှမြို့၌ ပိုးတွေ့သူ(၁၉၈)ဦး၊ ဆေးရုံတက်ရောက်ကုသသူ (၁၉၈)ဦး၊ ဆင်ပေါင်ဝဲမြို့၌ ပိုးတွေ့သူ(၁၆၁)ဦး၊ ဆေးရုံတက်ရောက်ကုသသူ (၁၆၀)ဦးနှင့် သေဆုံးသူ(၁)ဦးရှိကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)