သဲကုန်းမြို့၌ Stay at Home မြို့နယ်များမှ ပြန်လာသူများအား အသွားအလာ ကန့်သတ်ထားရှိ ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်းသို့ Stay at Home မြို့နယ်များမှ ပြန်လာသူ များအား အသွားအလာ ကန့်သတ်ထားရှိနိုင်ရန်အတွက် သဲကုန်းမြို့ နယ်၊ ရပ်ကွက်(၄)၊ တပ်ရွာလမ်းရှိ ဓမ္မမာမကပညာဒါနကျောင်းအား ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို ယမန်နေ့က ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ စီမံအုပ်ချုပ်အဖွဲ့ဝင်ဗိုလ်မှူးအောင်ဝင်းထွန်းနှင့် အဖွဲ့ဝင် များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်(၄) အုပ်ချုပ် ရေး မှူးနှင့် အဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။