သတင်းများ

ပဲခူးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Stay at Home ကာလတွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနအဖြစ် (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်တွင် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအစီအမံ ဆောင်ရွက်ထားရှိမှုများ မေးမြန်းချက်
Jul 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ ပြည်သူ့ဆေးရုံအနေဖြင့် လက်ရှိဖြစ်ပွား နေသော ကိုဗစ်-၁၉ ရောဂါ အန္တရာယ်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ဆေးရုံတွင် လက်ရှိ ကုသပေးနေသော ရောဂါလက္ခဏာများနှင့် ပတ်သက်၍ အကြောင်းအရာများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်၌ ပြည်သူ့ဆေးရုံ၏ တာဝန်ခံ ဒေါက်တာ မင်းစအိုင်မွန်နှင့် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မုံးကိုးမြို့အဝင် ကျန်းမာရေးစစ်ဆေးဂိတ်၌ RDT Test Kit ဖြင့်စစ်ဆေးပြီး ဝင်ရောက်ခွင့်ပြု
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၇)ဦးအထိ ရှိလာ၍ အခြားမြို့များမှ လာရောက်သူများအား RDT Test Kit ဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
မုံးကိုးမြို့အဝင် ကျန်းမာရေးစစ်ဆေးဂိတ်၌ RDT Test Kit ဖြင့်စစ်ဆေးပြီး ဝင်ရောက်ခွင့်ပြု
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၇)ဦးအထိ ရှိလာ၍ အခြားမြို့များမှ လာရောက်သူများအား RDT Test Kit ဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ်၌ ငါးကောင်ရေ(၆၀၀၀၀၀)ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Jul 13,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သုံးခွဖက်ကလစ်ရိုး သဘာဝ ရေပြင်နှင့် အမှတ် ၉ ရပ်ကွက် ဥက္ကံတံတား၊ (မှော်ဝင်း‌ချောင်း)အတွင်း ယနေ့ နံနက် ၉ နာရီက ငါးသားပေါက် အ‌ကောင်ရေ (၆၀၀၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရ သည်။
ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်း ဆောင်ရွက်
Jul 13,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် ဇွန် ၂၈ ရက်နေ့မှ ဇူလိုင် ၁၂ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၇၂)ဦးရှိပြီဖြစ်ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းပြီး ငါန်းဇွန်မြို့ပေါ် ရပ်ကွက် အသီးသီးသို့ ယမန်နေ့ည ၇နာရီခွဲအချိန်က အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ
Jul 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်ဗျူဟာ(၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ‌၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မော်ဧရာ ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 13,2021
ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။