Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
အမရပူရမြို့နယ်၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပညာပေးဟောပြောနေသည့် တာဝန်သိပြည်သူများအား အကြမ်းဖက်သမားများက အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်
Jul 14,2021
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပညာပေးဟောပြောခြင်း၊ အထောက်အကူပစ္စည်းများ လိုက်လံဝေငှခြင်း ဆောင်ရွက်နေသည့် တာဝန်သိပြည်သူ များအား နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ဆင်ခြင်တုံတရားမဲ့စွာဖြင့် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် Oxygen Plant ဝယ်ယူရေး ဆောင်ရွက်လျက်ရှိ
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Oxygen Plant ဝယ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့တွင် ကိုဗစ်၁၉ကူးစက်မြန်ကပ်ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Jul 14,2021
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ကူးစက်မြန် ကပ်ရောဂါသည် ယခုအခါ မြန်မာနိုင်ငံ တွင်ကူးစက်ပြန့်ပွားမှုများ ဖြစ်ပွားလျက်ရှိပြီး တတိယလှိုင်းအသွင်စတင်ဖြစ်ပွားလျက်ရှိသည့် အပြင် မျိုးဗီဇပြောင်းကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါလည်း ကူးစက်ပြန့်ပွားလျက်ရှိကြောင်း ဓာတ်ခွဲအတည် ပြုချက်များအရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများ ထားရှိကုသမည့်နေရာ ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
Jul 14,2021
ဟိုပန်မြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများ သီးခြားထားရှိ၍ ကုသမှုပေးနိုင်ရန် အတွက် ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် Facility Quarantine Centre ဆောင်ရွက်နေမှုအခြေအနေကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များမှ ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်မှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်
Jul 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် မေတ္တာမြို့၌ ကိုဗစ်- ၁၉ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့နယ်၊ ဆင်နက်ချောင် ကိုဗစ်−၁၉ ဂိတ်တွင်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ဆင်နက်ချောင် ကိုဗစ်−၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ဇွန်လ(၁၂)ရက်မှစတင်၍ ပြည်သူများ ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ဆောင်ရွက်နေသည့်ကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့မှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကြိုတင်ဆေးဖျန်းခြင်းများ ဆောင်ရွက်
Jul 14,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲမှ ညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖြန်းခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းချိန်က ညောင်ဦးခရိုင် တရားရုံးဝင်းအတွင်း ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့နယ်ရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသွားလာပါက သွားလာခွင့်ကတ်ပါရှိမှသာ သွားလာရမည်
Jul 14,2021
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ များပြားလာသည့်အတွက် ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့တွင် အမိန့်အမှတ် ၂၈၇/၂၀၂၁ ဖြင့် နေအိမ်တွင်နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင် ကြောင်း သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23849
Page
23850
Page
23851
Page
23852
Current page
23853
Page
23854
Page
23855
Page
23856
Page
23857
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department