သတင်းများ

ဗန်းမော်မြို့နယ်တွင် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အမိန့် အား (၃)ရက်မြောက် ဆက်လက်အသိပေးဆော်ဩ
Jul 15,2021
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု များပြားလာခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home)အမိန့်ကို ယနေ့ နံနက်ပိုင်းအထိ (၃)ရက်မြောက် ဆက်လက်အသိပညာပေး ဆော်ဩလျှက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 15,2021
ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာသည့်အတွက် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန် ရွှေကျင်မြို့အဝင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၆ နာရီမှ ညနေ ၆နာရီအချိန်ထိ ရွှေကျင်-မဒေါက် (စစ်တောင်းတံတား) ထိပ်တွင်
ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများကို ထားရှိကုသပေးသောစင်တာများကို အလှူရှင်များအဆက် မပြတ် လာရောက်လှူဒါန်း
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူစက်ခံရသူများနှင့် ရောဂါပိုးရှိသူနှင့် ထိစပ်ခဲ့သူများအား ကျန်းမာရေးစောင့်ရှေက့်မှုပေးထားသည့် စင်တာများကို မြို့ခံပြည်သူများ၊ အနယ်နယ်အရပ်မှ စေတနာရှင်ပြည်သူများက အဆက်မပြတ် လာရောက်လှူဒါန်းလျက်ရှိ ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန့်ရေး ကော်မတီထံမှသိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်
Jul 15,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပ ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်သည့် အလေ့ အထ ဖြစ်စေရန်ရည်ရွယ်ပြီး၊ ယနေ့ နံနက် ၈ နာရီက ပုဏ္ဏားကျွန်းမြို့၊ မဟာပညာကျော် လမ်းထိပ်နှင့်မြို့မ ဈေးအနီးလမ်းဆုံ၊ လမ်းခွများတွင် Mask Campaign အဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကောလင်းခရိုင်အတွင်း ကောက်စိုက်ခ ယခင်နှစ်ထက်စျေးမြင့်သဖြင့် ကောက်အငှားစိုက်သူများ အဆင်ပြေ
Jul 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းခရိုင်အတွင်း ကောက်စိုက်ခများ စျေးမြင့်သဖြင့် ကောက် အငှားစိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ဆိုင်ထိုင်စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချနိုင်ရေး ကြပ်မတ်ဆောင်ရွက်
Jul 15,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် မြို့နယ်အတွင်းရှိ လိုင်စင်ရ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းဘေး စားသောက်ဆိုင် များအား ဆိုင်ထိုင်စားစနစ်မှ ပါဆယ်စနစ်ဖြင့် ရောင်းချနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်ကာ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဂန့်ဂေါတွင် အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိ
Jul 15,2021
ကိုဗစ်-၁၉ ရောဂါကျရောက်သူများအတွက် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်များ ထုတ်လုပ်နိုင်ရေး အတွက် ဂန့်ဂေါမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံဆောက်လုပ်နိုင်ရေုး ဆောင်ရွက်လျက် ရှိသည်။
ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် အထူးကြပ်မတ် ဆောင်ရွက်
Jul 15,2021
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှုမှာ ယနေ့အထိ  လူ(၁၀၀)ကျော် ကူးစက်ဖြစ်ပွားလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် မြို့တွင်းလမ်းဆုံနေရာများတွင် လမ်းသွားလာနေသူများအား နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။