ပုဏ္ဏားကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

ပုဏ္ဏားကျွန်း ဇူလိုင်  ၁၅

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပ ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်သည့် အလေ့ အထ ဖြစ်စေရန်ရည်ရွယ်ပြီး၊ ယနေ့ နံနက် နာရီက ပုဏ္ဏားကျွန်းမြို့၊ မဟာပညာကျော် လမ်းထိပ်နှင့်မြို့မ ဈေးအနီးလမ်းဆုံ၊ လမ်းခွများတွင် Mask Campaign အဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။  

 

ထိုသို့ဆောင်ရွက်ရာတွင် ဈေးရောင်းဈေးဝယ် ပြည်သူများ၊ အကြောင်း အမျိုးမျိုးဖြင့် လမ်းသွား၊လမ်းလာ နေသူများအနက်မှ Mask မပါရှိသူ Mask မတပ်သူများကို အခမဲ့ဖြန့်ဝေပေးပြီး၊ စနစ်တကျ တပ်ဆင်ကြရန် သတိပေးနှိုးဆော်ခဲ့သည်။

အဆိုပါ ဆောင်ရွက်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်း ဦးဆောင်၍ မြို့နယ်စီမံ အုပ်ချူပ်ရေးအဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တို့မှ ဝန်ထမ်းများပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး၊ယခုလ(၁၆)ရက်နေ့မှစ၍ Mask တပ်ဆင်မှု ပျက်ကွက်သူများကို ပထမအကြိမ်တွင် ဒါဏ်ငွေ(၅၀၀/)ဖြင့် သတိပေးပြီး၊  ဒုတိယအကြိမ်လိုက်နာမှု မရှိပါက  သဘာဝဘေး အန္တရာယ်ဆိုင်ရာ နည်းဥပဒေအရ  ထိရောက်စွာအရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း  မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီမှ  ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်။

ကိုနီ