ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် အထူးကြပ်မတ် ဆောင်ရွက်

  ဘုတ်ပြင်း  ဇူလိုင် ၁၅    

တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှုမှာ ယနေ့အထိ  လူ(၁၀၀)ကျော် ကူးစက်ဖြစ်ပွားလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် မြို့တွင်းလမ်းဆုံနေရာများတွင် လမ်းသွားလာနေသူများအား နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဝန်ထမ်းများ ၊ ဈေးရောင်းသူ /ဝယ်သူများ ဒေသခံပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်း  Mask တပ်ဆင်သွားလာရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်အဆင့်ဌာန ဆိုင်ရာများက အဖွဲ့(၃)ဖွဲ့ခွဲ၍  မြို့အဝင်အထွက်ဂိတ်များနှင့် မြို့တွင်းလမ်းဆုံများတွင် စစ်ဆေး ဆောင်ရွက်ခြင်း ၊ မော်တော်ယာဉ်များဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား သိရှိလိုက်နာနေထိုင်ကြရန် အသိပေးနှိုးဆော်ခြင်း ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

 

 

​​