ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများကို ထားရှိကုသပေးသောစင်တာများကို အလှူရှင်များအဆက် မပြတ် လာရောက်လှူဒါန်း

မင်းလှ ဇူလိုင် ၁၅

 

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူစက်ခံရသူများနှင့် ရောဂါပိုးရှိသူနှင့် ထိစပ်ခဲ့သူများအား ကျန်းမာရေးစောင့်ရှေက့်မှုပေးထားသည့် စင်တာများကို မြို့ခံပြည်သူများ၊ အနယ်နယ်အရပ်မှ စေတနာရှင်ပြည်သူများက အဆက်မပြတ် လာရောက်လှူဒါန်းလျက်ရှိ ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန့်ရေး ကော်မတီထံမှသိရသည်။

"အမှတ်(၇)ရပ်ကွက်၊ ပြည်တော်သာအိုးအိမ်ဝန်ထမ်းအိမ်ယာသစ်မှာ ထားရှိတဲ့ ကိုဗစ်-၁၉ ရောဂါ ကူစက်ခံရသူများအတွက် ရပ်နီးရပ်ဝေးမှ စေတနာရှင်များက အမှန်တကယ်လိုအပ်နေတဲ့ သောက်ရေသန့်၊ ကြက်ဥ၊ Royal- D  အားဖြည့်အချိုရည်၊ နှာခေါင်းစည်းနှင့် ကျန်းမာရေးသုံး ပစ္စည်းများ၊ အလှူငွေများကို လာရောက်လှူဒါန်းပေးရာ ကျွန်တော်တို့ စေတနာဝန်ထမ်းအဖွဲ့ များက စာရင်းဇယားနှင့်လက်ခံထားပြီး လူနာများလိုအပ်တဲ့အခါ အချိန်မရွေးပေးခဲ့ပါတယ်၊ ရရှိတဲ့အလှူငွေများကို ဆေးဝါးဝယ်ယူရန် မှာထားကြောင်း စေတနာဝန်ထမ်း တစ်ဦးထံမှ သိရသည်။

အဆိုပါ  အမှတ်(၇) ရပ်ကွက်၊ ပြည်တော်သာအိုးအိမ်ဝန်ထမ်းအိမ်ယာသစ်မှာထားရှိသောကိုဗစ်-၁၉ ရောဂါကူစက်ခံရသူများအတွက် စေတနာရှင်များက ဇွန် ၂၀ ရက်နေ့စတင်ပြီး ယနေ့ထိ စေတနာရှင် (၅၀) ဦးခန့်က လိုအပ်သောပစ္စည်းမျးကို လှူဒါန်းပေးခဲ့ကြောင်း၊ ဆက်သွယ် လှူဒါန်းလိုပါက ဖုန်းနံပါတ် - ၀၉၄၂၃၇၁၉၆၇၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ပေါက်စ