ဂန့်ဂေါ ဇူလိုင် ၁၅
ကိုဗစ်-၁၉ ရောဂါကျရောက်သူများအတွက် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်များ ထုတ်လုပ်နိုင်ရေး အတွက် ဂန့်ဂေါမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံဆောက်လုပ်နိုင်ရေုး ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်နိုင်ရေး ဂန့်ဂေါမြို့ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီကို မြို့ခင်းသာ ပရိယတ္တိစာသင်တိုက်၌ ယမန်နေ့ နေ့လယ်က ပြုလုပ်ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ ပါရမီရှင် နာရေးကူညီမှုအသင်းနာယက မြို့ခင်းသာပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဇဋိလ ထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြကာ ဆရာတော်ထံမှ သြဝါဒကထာကိုနာယူ၍ မြို့ခင်းသာ ပရိယတ္တိစာသင်တိုက်ဆရာတော်က နာယကအဖြစ် ပါဝင်သည့် အဖွဲ့ဝင် ၂၀ ဦးပါဝင်သော ဂန့်ဂေါမြို့ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းကာ ရွှေပြည်ဆိပ်ဦး စေတီတော်အနီးတွင် တည်ဆောက်နိုင်ရေး မြေနေရာကို ရွေးချယ်ကြသည်။
အောက်စီဂျင်စက်ရုံကို ၄၅ ပေ×၃၆ ပေ×၁၂ ပေ ဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး သံထည်များနှင့် အမိုးသွပ်တို့အား မန္တလေးမြို့ ရှိ Power-7 သံနှင့်သွပ်စက်ရုံ မှ ဦးဆန်နီက ကုန်ကျမှု၏ ထက်ဝက်ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆောက်အအုံ ဆောက်လုပ်ရာတွင် မြေတူးခြင်းလုပ်ငန်းအားလုံးကို ဂန့်ဂေါမြို့မှ လုပ်ငန်းရှင် ကိုမျိုး (KM Group) မှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအဆောက်အအုံကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောက်လုပ်မည်ဖြစ်ရာ စေတနာရှင်များသည် ဦးအောင်စိုးမင်း ဖုန်း ၀၉၈၉၇၀၀၀၀၉၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်း နှင့် လက်ရှိတွင် ဦးမြို့ဖေ မြောက်ကုန်းရပ်ကွက်က ငွေကျပ်သိန်း ၂၀၀ လှူဒါန်းရန် ကမ်းလှမ်းလာကြောင်း နှင့် စည်ပင်သာယာရပ်ကွက်မှ ဦးစောလွင် နှင့် ဇနီး ဒေါ်မြင့်မြင့်သန်း မိသားစုက ငွေကျပ် သိန်း ၅၀ ၊ မြို့မရပ်ကွက်မှ ကိုညီညီနိုင် နှင့် ဇနီး ဒေါ်ချမ်းမြစိုး မိသားစုက ငွေကျပ် ၁၀ သိန်း၊ ၊ သရက်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်ခင်မာအေး နှင့် မောင်နှစ်မများက ငွေကျပ် ၅ သိန်း ၊ မြို့နယ်သမဝါယမ ဦးစီးဌာန မိသားစုက ငွေကျပ် ငွေကျပ် ၁၅၀၀၀၀ ၊ မြို့နယ်သမဝါယမအသင်းစုလီမိတက် က ငွေကျပ် ၂၀၀၀၀၀ ၊ အားမာန်သမဝါယမအသင်းလီမိတက် က ငွေကျပ် ၁၀၀၀၀၀ ကျပ်၊ အောင်သရဖူ သမဝါယမအသင်း က ငွေကျပ် ၅၀၀၀၀၊ အားသစ်သမဝါယမအသင်းလီမိတက်က ငွေကျပ် ၅၀၀၀၀၊ ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းက ငွေကျပ် ၁၀၀၀၀၀ ကျပ် လှူဒါန်းထားကြပြီးဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း