ရွှေကျင် ဇူလိုင် ၁၅
ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာသည့်အတွက် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန် ရွှေကျင်မြို့အဝင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၆ နာရီမှ ညနေ ၆နာရီအချိန်ထိ ရွှေကျင်-မဒေါက် (စစ်တောင်းတံတား) ထိပ်တွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားရှိပြီး ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားလာရေးနှင့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် ရွှေကျင်မြို့နယ်အတွင်း နေထိုင်သူ ပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ပါမှသာ ရွှေကျင်မြို့အတွင်း ဝင်ခွင့်ပြုလျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသော အခြားတိုင်းနှင့်ပြည်နယ်များမှ ပြည်သူများ ရွှေကျင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာမှုမရှိစေရေးကို ဌာနဆိုင်ရာများ မြို့နယ်ရဲတပ်ဖွဲ့ မီးသတ်တပ်ဖွဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် အဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်