ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်
Jul 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း လတ်တလော ကူးစက်မှု မြင့်မားလာသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များသည် ဌာနမီးငြှိမ်းသတ်ယာဉ်ဖြင့် ဇူလိုင်လ(၁၆)ရက်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များ သို့သွားရောက်ကာ အသံချဲ့စက်ဖြင့် ပညာပေးနှိုး ဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။