မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ဆိုင်ထိုင်စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချနိုင်ရေး ကြပ်မတ်ဆောင်ရွက်

ရန်ကုန် ဇူလိုင် ၁၅
 
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် မြို့နယ်အတွင်းရှိ လိုင်စင်ရ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းဘေး စားသောက်ဆိုင် များအား ဆိုင်ထိုင်စားစနစ်မှ ပါဆယ်စနစ်ဖြင့် ရောင်းချနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်ကာ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမင်းလှိုင်၏ ဦးဆောင်မှု ဖြင့် မြို့နယ်အတွင်းရှိ လိုင်စင်ရ စားသောက်ဆိုင် များ၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းဘေးစားသောက် ဆိုင်များတွင် လူစုလူဝေးများ မဖြစ်ပေါ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်နေချိန် အတွင်း ဆိုင်ထိုင်စား သောက်ခြင်းမပြုပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားကြရန်နှင့် ရောင်ချသူနှင့် လာရောက်ဝယ်ယူသူများအနေ ဖြင့်လည်း Mask တပ်ခြင်းနှင့် ရောင်းချသည့် အိုး၊ ခွက်များအား သန့်ရှင်းစွာ အသုံးပြုကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
ချစ်စုဝေ