သတင်းများ

ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jul 16,2021
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများ စာပေဖတ်ရှုလေ့လာသည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ စာရေးဆရာဦးဝမ်ထိန် ရေးသားသော'' လက်ငင်းကောင်းကျိုးရစေသတည်း''စာအုပ်စာဖတ်ဝိုင်းကို ယနေ့နံနက်၁၁နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လူနာသစ် (၁၇) ဦးထပ်မံတွေ့ရှိ
Jul 16,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ က ဖျားနာခြင်း ၊ အနံ့ပျောက်ခြင်း ၊ ပိုးတွေ့လူနာနှင့်ထိစပ်မှုရှိခြင်း တို့ကြောင့် ဆေးရုံသို့လာပြသည့် လူနာများအား RDT Test Kid ဖြင့် စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ် (၁၇) ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီ မှ သိရသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ အသိပေးကြေညာချက်အား အများပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ကြစေရန် အသိပေးကြေညာ
Jul 16,2021
အများပြည်သူ အလုပ်ပိတ်ရက် ကာလအတွင်း COVID-19 ရောဂါကူးစက်မူမှ ထိရောက်စွာဟန့် တားနိုင်ရေးအတွက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ အသိပေးကြေညာချက်အား အများပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ကြစေရန် အသိပေးကြေညာခြင်းကို ဇူလိုယမန်နေ့ ည၈နာရီခွဲကမန္တ‌လေးမြို့၊အောင်မြေသာစံမြို့နယ်အတွင်းမော်တော်ယာဉ်များဖြင့်လှည့်လည်၍အသံချဲ့စက်များဖြင့် ကြေညာပေးကြသည်။
ကျောက်ပန်းတောင်းမြို့တွင် Mask မတပ်ပဲ အပြင်ထွက်သူများအား အသိပညာပေးခြင်းများ ဆောင်ရွက်
Jul 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် ယနေ့ နံနက်(၈)နာရီမှစတင်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်း ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဖွဲ့စည်းထားရှိ သည့် စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီများက မြို့လယ် ဘူတာလမ်းဆုံမီးပွိုင့်မှ နေ၍ အဖွဲ့(၂)ဖွဲ့ခွဲကာ ဖြတ်သန်း သွားလာနေသူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး အရေးယူခြင်းများ စတင်ဆောင်ရွက်နေ ကြောင်း သိရသည်။
မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် COVID – 19 ရောဂါဖြစ်ပွားသူများကို လက်ခံကုသပေးနေ
Jul 16,2021
မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် COVID – 19ရောဂါ ဖြစ်ပွားနေသူများကို လက်ခံကုသပေးလျက်ရှိကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီးထံမှ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရန် အသိပေး ကြေညာခြင်းဆောင်ရွက်
Jul 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်နိုင်စေရေး အတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ဇူလိုင်(၁၁)ရက်နေ့မှ ဇူလိုင် (၁၅)ရက်နေ့ အထိ (၅)ရက် တိုင်တိုင် လှည့်လည်အသိပေး ကြေညာခဲ့ပြီးဖြစ်ရာ၊ ယနေ့မှစတင်၍ လိုက်နာရန် ပျက်ကွက်သူ များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး(Mask Canpaign)နှင့် Mask တပ်ဆင်မှုမရှိသူအား အရေးယူ ဆောင်ရွက်
Jul 16,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချူပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ အသိပညာပေး(Mask Canpaign)နှင့် Mask တပ်ဆင်မှု မရှိသူအား အရေးယူဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်းသိရှိရ သည်။
ကျိုက်ဒုံမြို့ဝက်ဒုံကျေးရွာ၌မြေဆီလွှာဖွံ့ဖြိုးစေရေးအတွက်(သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းနည်းပညာများပြသ
Jul 16,2021
ကရင်ပြည်နယ်ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင်ဇူလိုင်လ ယမန်နေ့ နံနက်၉နာရီက ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်လှမြင့်နှင့် ဝန်ထမ်းများမှ မိုးစပါးများစိုက်ပျိုးရာ၌ မြေဆီလွှာဖွံ့ဖြိုးစေရေးအတွက် စိုက်ပျိုးနည်းပညာများ ပြသဆောင်ရွက်ခဲ့သည်။