သတင်းများ

နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ အသုံးပြုရန် အောက်စီဂျင် ဝယ်ယူနိုင်ရေး အလှူငွေများ လှူဒါန်း
Jul 20,2021
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရှိ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသလျက် ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ အသုံးပြုရန် အောက်စီဂျင် ဝယ်ယူရေးအတွက် မြို့နယ်အတွင်း နှင့်ပြည်ပမှ အလှူရှင်များက ယနေ့နံနက်ပိုင်းတွင် နမ့်ခမ်းမြို့ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ လာရောက် လှူဒါန်းပေးလျက် ရှိကြောင်း သိရသည်။
အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ သိန္နီမြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်များ ပေးအပ်လှူဒါန်း
Jul 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ အောက်ဆီဂျင် (၄၀)လီတာဆန့်(၅)လုံး၊ PPE (၇၀)စုံ၊ Gown (Level-2)(၅၀)ခု၊ Vitamin C (၃၀)ဘူး၊ Vitahome (၅)ဘူး၊ Hand Gel (၇၂)ဘူး၊ Mask(၄၈၀၀)ခု၊ Cap (၂၀၀)ခု၊ ပိုးသတ်ဆေး(၄၀)ဘူး၊ ကြက်ဥ(၃၀၀) လုံး၊ ရွှေဖီဦး လက်ဖက်ရည် ထုပ်(၁)ဖာတို့ကို ယနေ့ နံနက် (၁၀)နာရီအချိန်ခန့် က မြို့နယ်ပြည်သူ့ဆေးရုံသို့ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ပင်းတယမြို့နယ်တွင်အောက်ဆီဂျင်စက်ရုံတည်ဆောက်သွားမည်
Jul 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် အများပြည်သူတို့ ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် Oxygen plant(အောက်ဆီဂျင်စက်ရုံ) တည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၃ ဦး ထပ်မံ တွေ့ရှိ စုစုပေါင်း အတည်ပြု လူနာ ၁၇၀ ဦးရှိပြီဖြစ်
Jul 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ်၌ ဇူလိုင် ၂၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (PCR -Result- ၉ ဦး အပါအဝင်) စုစုပေါင်း ၁၃ ဦး ထပ်မံတွေ့ ရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံမှ သိရသည်။
မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာသစ်(၆၀)ဦး ထပ်မံတွေ့ရှိပြီး ပိုးတွေ့ရှိသူ(၄၈၀)ဦးထိ ရှိလာ
Jul 20,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့ ညနေပိုင်း ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် ထိစပ်သူ (၂၅၀)ဦးတို့အား RDT Test ဖြင့် စစ်ဆေးခဲ့ ရာ (၆၀)ဦးတွင် ကိုဗစ်-၁၉ ရောဂါ (Positive)ပိုးတွေ့ ရှိခဲ့သည်။
ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ ၆၅ ဦး စစ်ဆေးရာမှာ ၁၀ ဦး ရောဂါပိုးတွေ့ရှိ
Jul 20,2021
ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်‌ရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ သံသယ ရှိသူ(၆၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၁၀)ဦးထံမှ ရောဂါပိုး တွေ့ရှိရ‌ကြောင်း သိရသည်။
မိုင်းယောင်းတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ထောက်ပံ့ငွေနှင့် ပစ္စည်းများလှူဒါန်း
Jul 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလှူရှင်များက မြို့နယ် ကြက်ခြေနီ အသင်းသို့ ယမန်နေ့တွင် လာရောက်လှူဒါန်းကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး ထံမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးနိုင်ရေး အလတ်စားအောက်ဆီဂျင်စက်ရုံ တည်ဆောက်သွားမည်
Jul 20,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုမြင့်မားနေ သည့် ကာလအတွင်း အောက်ဆီဂျင် လိုအပ်နေသော လူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေး နိုင်ရန်အတွက် စိတ္တသုခ လူမှုကူညီရေးအသင်းမှ ကျပ်သိန်းတစ်ရာ့ငါးဆယ် မတည်၍ အောက်ဆီဂျင် စက်ရုံ အလတ်စား တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။