ကျောက်ပန်းတောင်း ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်နိုင်စေရေး အတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ဇူလိုင်(၁၁)ရက်နေ့မှ ဇူလိုင် (၁၅)ရက်နေ့ အထိ (၅)ရက် တိုင်တိုင် လှည့်လည်အသိပေး ကြေညာခဲ့ပြီးဖြစ်ရာ၊ ယနေ့မှစတင်၍ လိုက်နာရန် ပျက်ကွက်သူ များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးဆပ် ကော်မတီမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် ညနေ(၅;၃၀)နာရီမှ ည(၇)နာရီအထိ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူများ သိရှိလိုက်နာရမည့် အချက်များကို (၁၁.၇.၂၀၂၁)ရက်နေ့မှ (၁၅.၇.၂၀၂၁)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ရပ်ကွက်အသီးသီးနှင့် လမ်းမများ၊ လမ်းသွယ်များအထိ လှည့်လည် အသိပေး ကြေညာခဲ့ကြပြီးဖြစ်ရာ၊ ဇူလိုင်(၁၆)ရက်နေ့မှ စတင်၍ အပြင်ထွက်ရာတွင် Mask တပ်ဆင် မထားသူများ၊ သတ်မှတ်စည်းကမ်း လိုက်နာခြင်းမရှိသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင် များ၊ ယာယီပိတ်သိမ်းရန် အသိပေးကြေညာထားသော်လည်း ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်များကို မြို့နယ်စစ်ဆေးရေး အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်