ကျောက်ပန်းတောင်းမြို့တွင် Mask မတပ်ပဲ အပြင်ထွက်သူများအား အသိပညာပေးခြင်းများ ဆောင်ရွက်

ကျောက်ပန်းတောင်း၊ဇူလိုင်-၁၆
 
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် ယနေ့ နံနက်(၈)နာရီမှစတင်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်း ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဖွဲ့စည်းထားရှိ သည့် စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီများက မြို့လယ် ဘူတာလမ်းဆုံမီးပွိုင့်မှ နေ၍ အဖွဲ့(၂)ဖွဲ့ခွဲကာ ဖြတ်သန်း သွားလာနေသူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး အရေးယူခြင်းများ စတင်ဆောင်ရွက်နေ ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ် ရေးနှင့်ပတ်သက်၍ ပြည့်သူများ သိရှိလိုက်နာရမည့်အချက်များကို(၅)ရက်တိုင် မြို့ပေါ်ရပ်ကွက်အသီးသီးနှင့်မြို့တွင်းလမ်းများ တွင် လှည့်လည် အသိပေးဆောင်ရွက်ခဲ့ပြီးဖြစ်ရာ၊ ဇူလိုင်(၁၆)ရက်နေ့ မှစတင်၍ အရေးယူဆောင်ရွက်မှုအပိုင်းများစတင်သည့် အနေဖြင့် နှာခေါင်းစည်း Mask မတပ်ဆင်သူများ၊ နှာခေါင်းစည်း Mask ပါသော်လည်း စနစ်တကျ တပ်ဆင်ထားခြင်းမရှိသူ များကို Mask တစ်ခုပေး၍ ဒဏ်ငွေ(၅၀၀)ကျပ်ဒဏ်တပ်အရေးယူမှုကို စတင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်း ချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဖွဲ့စည်းထားရှိသည့် စည်းကမ်း ထိန်းသိမ်း ရေးဆပ်ကော်မတီဝင်များဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊
မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ယာဉ်ထိန်းတပ်ဖွဲ့စု၊မြို့နယ် လျှပ်စစ်မန်နေဂျာရုံးနှင့် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန တို့မှ တာဝန်ရှိသူများ၊ မြို့ပေါ်(၁၂) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ပါဝင်သည့် အဖွဲ့များက မြို့လယ်ဘူတာလမ်းဆုံတွင် အဖွဲ့(၂)ဖွဲ့ခွဲကာ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရပြီး၊ နံနက်(၁၀) နာရီအထိ သတ်မှတ်စည်း ကမ်းမလိုက်နာသူ (၆၆)ဦးအား ဒဏ်ငွေတပ်ရိုက် အရေးယူခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)