အောင်မြေသာစံ ဇူလိုင် ၁၆
အများပြည်သူ အလုပ်ပိတ်ရက် ကာလအတွင်း COVID-19 ရောဂါကူးစက်မူမှ ထိရောက်စွာဟန့် တားနိုင်ရေးအတွက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ အသိပေးကြေညာချက်အား အများပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ကြစေရန် အသိပေးကြေညာခြင်းကို ဇူလိုယမန်နေ့ ည၈နာရီခွဲကမန္တလေးမြို့၊အောင်မြေသာစံမြို့နယ်အတွင်းမော်တော်ယာဉ်များဖြင့်လှည့်လည်၍အသံချဲ့စက်များဖြင့် ကြေညာပေးကြသည်။
အဆိုပါ အသိပေးကြေညာခြင်းကို အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်း ဇော်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၅)မြို့မရဲစခန်းမှ ဒုရဲအုပ်အောင်မိုးနှင့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း လှည့်လည်အသိပေး ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)