ကျောက်ဆည်မြို့နယ်တွင် ထိုင်ဝမ်သင်္ဘောစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း
Jul 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဒွေးလှကျေးရွာမှ တောင်သူများသည် ယခင်က ယာမြေများတွင် ငရုပ်၊ ပဲမျိုးစုံနှင့် ငှက်ပျောသီးနှံများ စိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါ အဆိုပါသီးနှံ များထက် အကျိုးအမြတ်ရရှိသည့် ထိုင်ဝမ်သင်္ဘောမျိုးများ ပြောင်းလဲစိုက်ပျိုးခဲ့ရာ သင်္ဘောပင်များ အပင်ဖြစ်ထွန်းပြီး အသီးသီးအားကောင်းကာ ရောင်းချရာတွင် ဈေးကောင်းရသဖြင့် စီးပွားရေးအဆင်ပြေလျှက်ရှိကြောင်း သိရှိရသည်။