ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည်၊ ဇူလိုင် - ၁၆
 
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများ စာပေဖတ်ရှုလေ့လာသည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ စာရေးဆရာဦးဝမ်ထိန် ရေးသားသော'' လက်ငင်းကောင်းကျိုးရစေသတည်း''စာအုပ်စာဖတ်ဝိုင်းကို ယနေ့နံနက်၁၁နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ဝန်ထမ်းများစာပေများရေးသားရာတွင် အထောက်အကူဖြစ်စေရန်၊ စာဖတ်ရှိန်ပိုမို မြင်မား စေရန်နှင့် စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြာပြီး စာရေးဆရာ မောင်ခိုင်ကျော်၊ ဥက္ကဌ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းက စာရေးဆရာဦးဝမ်ထိန်ရေးသားသော ''လက်ငင်းကောင်းကျိုးရစေသတည်း၊ ကိုယ်ရည်ကိုယ်သွေးဟူသည် ၊အကောင်းဆုံးလုပ်ရမှာကကိုယ့် တာဝန်''ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်စောလွင်မှ''လူဖြစ်ရသည်ကိုဂုဏ်ယူပါ၊ အမြင့်ဆုံးရည်မှန်း ချက်ဖြင့် တက်လှမ်းပါ''စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် စာအုပ် စာစောင် ချစ်မြတ်နိုးသူ များအသင်း ဥက္ကဋ္ဌ နှင့် ဦးစီးအရာရှိတို့က ဆွေးနွေးသည့်ခေါင်းစဉ်များအပေါ် အသီးအသီး ပြန်လည် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
တင်တင်ထွေး