လားရှိုးမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်
Jul 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင် ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီခွဲအချိန်မှ စတင်၍ လားရှိုးမြို့ ရပ်ကွက်(၁၀) ၊ဘူတာလမ်း၊ ရန်အောင်မြင်ဘုရားအနီး၌လည်းကောင်း၊ ရပ်ကွက်(၁) ၊ဘူတာလမ်း ၊လားရှိုး မိုတယ်ရှေ့၌ လည်းကောင်း ၊ရပ်ကွက်(၉) အုပ်ချုပ်ရေး မှူးရုံးရှေ့၌ လည်း ကောင်း ၊သိန္နီလမ်းမကြီးပေါ်ရှိ လမ်းဆုံများတွင် လည်းကောင်း ပြုလုပ်ခဲ့ ကြောင်းသိရသည်။