ကျိုက်လတ် ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ က ဖျားနာခြင်း ၊ အနံ့ပျောက်ခြင်း ၊ ပိုးတွေ့လူနာနှင့်ထိစပ်မှုရှိခြင်း တို့ကြောင့် ဆေးရုံသို့လာပြသည့် လူနာများအား RDT Test Kid ဖြင့် စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ် (၁၇) ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီ မှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာ(၁၇)ဦး မှာ ကျိုက်လတ်မြို့နယ် (၁၂×၁၃) ဗိုလ်ချုပ်လမ်း မှ အမျိုးသား (၁)ဦး ၊ အမျိုးသမီး(၁) ဦး ၊ (၁၁×၁၂) ရတနာပုံလမ်းမှ အမျိုးသား (၁)ဦး ၊ ခနောင်ကျေးရွာမှ အမျိုးသမီး (၁) ဦး ၊ (၃)လမ်းမှ အမျိုးသား(၁)ဦး ၊ အမျိုးသမီး(၁)ဦး ၊ ၁၉ လမ်းမှ အမျိုးသား(၂) ဦး ၊ ခနောင်ရွာသစ် မှ အမျိုးသမီး(၁) ဦး ၊ ဆိပ်ဖူးချောင်းမှ အမျိုးသမီး(၁) ဦး ၊ အုန်းပင်စုကျေးရွာ မှ အမျိုးသမီး(၁) ဦး ၊ ဘုရားကုန်းကျေးရွာမှ အမျိုးသား (၁) ဦး ၊ ကလပ်ရပ်ကျေးရွာမှ အမျိုးသမီး (၁) ဦး ၊ (၈×၉)ဦးပြုံးချို လမ်းမှ အမျိုးသမီး (၁) ဦး ၊ (၁၆×၁၇) ရတနာပုံလမ်း မှ အမျိုးသား (၁) ဦး ၊ (၅×၆) ဦးပြုံချိုလမ်း မှ အမျိုးသား (၁)ဦး ၊ အမျိုးသမီး(၁) ဦး တို့ဖြစ်ကြသည်။ယမန်နေ့နံနက်ပိုင်းက ကျိုက်လတ်ပြည်သူ့ဆေးရုံ တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ကုသမှုခံယူနေသော ပေချောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း မှ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားသဖြင့် ပိတောက်မြိုင် သုဿန်တွင် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ မီးသင်္ဂြိုလ် ခဲ့ကြောင်းသိရသည်။
ကျိုက်လတ်မြို့နယ် ပြည်သူ့ဆေးရုံ နှင့် ယာယီဆေးရုံ တွင် ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြု လူနာ (၁၀၃) ဦး နှင့် မအူပင်ဆေးရုံ တွင် (၁) ဦး ၊ စုစုပေါင်း (၁၀၄) ဦး ရှိပြီး သံဃာ(၁)ပါး ၊ အမျိုးသား(၁) ဦး ၊ အမျိုးသမီး(၁) ဦး စုစုပေါင်း သေဆုံးသူ (၃) ဦးရှိကြောင်း သိရသည်။
ရီရီမြင့်