ကျိုက်ဒုံ ဇူလိုင် ၁၆
ကရင်ပြည်နယ်ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင်ဇူလိုင်လ ယမန်နေ့ နံနက်၉နာရီက ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်လှမြင့်နှင့် ဝန်ထမ်းများမှ မိုးစပါးများစိုက်ပျိုးရာ၌ မြေဆီလွှာဖွံ့ဖြိုးစေရေးအတွက် စိုက်ပျိုးနည်းပညာများ ပြသဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့စိုက်ပျိုးရေးဦးမှူးဒေါ်လှမြင့်က ဝက်ဒုံကျေးရွာ တောင်သူ ဦးတင်ဝင်းလယ်ယာမြေ၌ RSဆင်းသုခမျိုးစပါးများကို ဘောင်ပျိုးစနစ်ဖြင့်ပျိုးထောင်ထားရှိမှု အားပိုးမွှားရောဂါကျရောက်မှု မရှိစေရေး၊ မိုးစပါး စိုက်ပျိုးရာတွင်မြေဆီလွှာ ဖွံ့ဖြိုးရန်အတွက် ရည်ရွယ်ပြီး (သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်)စိုက်ပျိုးထားသည်များကို (၄၀)ရက်သားခန့်တွင် ထယ်ထိုးမြေမြှပ်ရန်အတွက် ဆောင်ရွက်ရမည့်နည်းပညာများအား ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)