ပေါက်တော ဇူလိုင် ၁၆
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ မြို့မဈေးကြီး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်စေရန် ယနေ့ နံနက်(၈)နာရီက Mask Campign ပြုလုပ် ဆောင်ရွက် ကြသည်။
အဆိုပါ ပြုလုပ်ဆောင်ရွက်ခြင်းကို ပေါက်တောမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ) ဦးကျော်ဝင်းမှ ကြီးမှုး၍ မြို့နယ်အဆင့်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်းလိုက်ပါလျက် ပေါက်တောမြို့မဈေးကြီးသို့ ဈေးရောင်း၊ဈေးဝယ်ရောက်ရှိ လာကြသော ပြည်သူများ၊ ပေါက်တော ဘဝမ်းချောင်းကူးတံတားမှ ဈေးဝယ်ဈေးသွားလာရောက်ကြသောပြည်သူများ၊မြို့ပေါ်လမ်းမတစ်လျောက်ဈေးဆိုင်များ၊လမ်းသွားလမ်းလာပြည်သူများအားMask(၅၀၀၀)ငါးထောင်ခုကိုအခမဲ့ဖြန့်ဝေပေးကာစနစ်တကျတပ်ဆင်ပေးခြင်းေဟာင်းနွမ်းေနသည့်Maskများတပ်ဆင်ပြီးသွားနေသူများကိုအေဟာင်းကိုစွန့်ပစ်စေပြီးအသစ်များထပ်မံအခမဲ့ဖြန့်ဝေတပ်ဆင်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဈေးရောင်းဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရန် မိမိကအစကာကွယ်ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များကို အလေး အနက်ထား ကာတိကျစွာ လိုက်နာကြပြီး ပူးပေါင်းပါဝင်ကူညီဆောင်ရွက် ပေးပါရန် တိုက်တွန်းပြောကြားကြသည်၊Mask မတပ်ဆင်ဘဲ သွားလာနေကြသော ပြည်သူများကို ယနေ့မှ စ၍ ပထမအကြိမ်ဒဏ်ငွေရိုက်၍သတိပေးခြင်း၊ဒုတိယအကြိမ်Mask မတပ်ဆင်ဘဲတွေ့ရှိလျင် ကူးစက် ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပေါက်တောမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
ယင်းသို့ပြု လုပ်ဆောင်ရွက်ချက်များကို မြို့နယ်တာဝန်ရှိသူများက ကိုဗစ်-၁၉-ရောဂါ ကင်းစင် ပပျောက်သွားသည်အထိ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ် စည်ပင်သာယာမြို့မဈေးကြီးနှင့် လူစည်ကားသောနေရာများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ပညာပေးဆော်ဩခြင်းများကို စဉ်ဆက်မပြတ်အလေးအနက်ထား ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းသိရှိရသည်။
ကျော်သန်း