ဝါးခယ်မမြို့တွင်နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaignပြုလုပ်

ဝါးခယ်မ ဇူလိုင် ၁၆
 
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် COVID-19 ရောဂါကူးစက်မှုပြန့်နှံ့မှု မရှိစေရန် ရည်ရွယ်၍ နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်၈နာရီအချိန်က ဝါးခယ်မမြို့၊ ရေကျော် ရပ်ကွက်၊ မြူရုံးလမ်းတစ်လျှောက်နှင့်ရွာလယ်ရပ်ကွက်၊ မြို့ပါတ်လမ်း စသည့် လူအသွားအလာများပြားသည့် နေရာများတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါနှာခေါင်းစည်း(Mask)များအခဲ့ဖြန့်ဝေခဲ့ခြင်းကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက် နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလွင်နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ အမှတ်(၉၃) ခြေလျင် တပ်ရင်းမှ ဗိုလ်ကြီးထူးပြည့်စုံနှင့် စစ်သည်များ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး စောတင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်းအင်အား (၃၅)ဦးတို့ကနေအိမ်ပြင်ပသို့ထွက်ခွာသူများ၊ ဈေးရောင်းချသူ များနှင့် ဈေးသွား/ ဈေးလာများ နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသော COVID-19 ကူးစက် ရောဂါဆိုင်ရာ ညွှန်ကြားချက်များ အား တိကျစွာ လိုက်နာဆောင်ရွက်ရေးတို့အား အသိပညာပေး ဟောပြောခြင်း "ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) မိမိကစ ကာကွယ်ပါ" ခေါင်းစဉ်ပါ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်သော လမ်းညွှန်ချက်များအား အသံချဲ့စက်ဖြင့် အသိပေးကြေငြာခြင်းများပြုလုပ်ခဲ့ပြီး တစ်ခါသုံး နှာခေါင်းစည်းMask(၁၀၀၀)ခုအားအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
စောသန္တာဦး