သာစည် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၁ ဦးထပ်မံ
တွေ့ရှိခဲ့ကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
အဆိုပါ လူနာသစ်များမှာ Facility Quarantine ဝင်ရောက်နေသူများ၏ Swab နမူနာများ ရယူ
၍ အမျိုးသားကျန်းမာရေးဓါတ်ခွဲခန်း (မန္တလေး) သို့ ပေးပို့စစ်ဆေးခဲ့ရာ ရွှေလှံကျေးရွာမှ အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၇ ဦး၊ ပြည်ညောင်ကျေးရွာအုပ်စု မုံပင်ကျေးရွာမှ အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၅ ဦး၊ ပြည်ညောင်ကျေးရွာအုပ်စု အုတ်ကျင်းကျေးရွာမှ အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦး၊ သာစည်မြို့ အမှတ်(၁)ရပ်ကွက်မှအမျိုးသမီး ၂ ဦး၊ Stay at home မြို့နယ်များမှပြန်လာသူများနှင့်မြို့နယ် အတွင်းမှဖျားနာခြင်း၊ချောင်းဆိုးခြင်းနှင့်အသက်ရှူခက်ခဲခြင်းတို့ကြောင့်မြို့နယ်ပြည်သူ့ဆေးရုံတွင် RDT Test Kit ဖြင့်စစ်ဆေးရာ တောကင်းကျေးရွာမှအမျိုးသား ၁ ဦး၊ လှိုင်းတက်ကျေးရွာမှအမျိုးသမီး ၁ ဦးနှင့်အမှတ်(၃)ရပ်ကွက်မှ အမျိုးသမီး ၁ ဦး၊ တောကင်းကျေးရွာမှအမျိုးသား ၁ ဦး ၊ ကန်စွယ်ကျေးရွာမှအမျိုးသား ၁ ဦး၊ ဟင်းခွက်အိုင်ကျေးရွာမှ အမျိုးသား ၃ဦး၊ လူးကွဲကျေးရွာမှ အမျိုးသား ၁ ဦး၊ သက်သော့ကျေးရွာမှအမျိုးသား ၁ ဦး၊သာစည်မြို့အမှတ်(၁)ရပ်ကွက်မှ အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ပိုးတွေ့လူနာများကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက် မှု များပေး လျက်ရှိကြောင်းသိရသည်။
သာစည်မြို့နယ်တွင် ဇူလိုင် ၁၅ ရက်ထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၂၀၃ ဦးရှိခဲ့ရာ ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၀၅ ဦး၊ဆေးကုသမှုခံယူနေသူ ၉၄ ဦးနှင့်သေဆုံးသူ ၄ ဦးရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်