သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၅၀ ဦး ထပ်တိုးတွေ့ရှိ
Jul 19,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဇူလိုင်လ ၁၈ ရက်၊ နံနက်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၅၀ ဦး ထပ်တိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အဖွဲ့မှ သိရသည်။
သထုံခရိုင်ပြည်သူ့ဆေးရုံကြီး Fever Clinic တွင် ကိုဗစ်-၁၉ ရောဂါ သံသယ လူနာ ၆၂ ဦးအား (RDT) Test kits ဖြင့် စစ်ဆေးရာ သထုံမြို့နယ်အတွင်းမှ အမျိုးသမီး ၂၃ ဦးနှင့် အမျိုးသား ၂၇ ဦး၊ စုစုပေါင်း ၅၀ ဦးတို့ထံ၌ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။