မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းနှင့် ပါးစပ်၊ နှာခေါင်းစည်း(Mask)များဖြန့်ဝေ

 
မိုးညှင်း ဇူလိုင် ၁၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းနှင့် ပါစပ်၊ နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် လတ်တလောဖြစ်ပွားနေသည့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအနေဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ တွင် အများပြည်သူများလိုက်နာရန်အတွက် လူစည်ကားရာ နေရာများဖြစ်သည့် မြို့မစည်ပင်သာယာ စျေးရှေ့တွင်လည်းကောင်း၊ လမ်းဆုံလမ်းခွနေရာများတွင် လည်းကောင်း၊ ပါးစပ်၊ နှာခေါင်းစည်း (Mask)များဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေး ကြေငြာချက်များကို ဗမာဘာသာစကား၊ ကချင်ဘာသာစကားနှင့် ရှမ်းဘာသာစကား သုံးမျိုးဖြင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသခံတိုင်းရင်းသားပြည်သူများအား ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညှင်း(ပြန်/ဆက်)