ယင်းမာပင်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တတိယအကြိမ် ရန်ပုံငွေကျပ် (၉၆)သိန်း ထုတ်ချေးပေး

ယင်းမာပင်  ဇူလိုင်  ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ယင်းမာပင်မြို့နယ်၊မြင်သာကုန်းကျေးရွာတွင် တတိယ အကြိမ် ရန်ပုံငွေကျပ် (၉၆) သိန်း ထုတ်ချေးပေးခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် အညီ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။

 

ရန်ပုံငွေများထုတ်ချေးပေးရာတွင် ယင်းမာပင်မြို့နယ်၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်ယုမေက ကျေးရွာမြစိမ်းရောင်ကြီးကြပ်မှု ကော်မတီ ဥက္ကဌထံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထုတ်ချေး ပေးခဲ့ပြီး  မြစိမ်းရောင် ရန်ပုံငွေထုတ်ချေးပေးရခြင်း ရည်ရွယ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကာ မြစိမ်းရောင် တာဝန်ခံ ဝန်ထမ်းများက ကြီးကြပ်၍ လုပ်ထုံးလုပ်နည်းဥပဒေများ အသင်းသားများ အနေဖြင့် မိမိတို့ချေးငွေရရှိသည့်အပေါ်မူတည်၍ တစ်ပိုင်တစ်နိုင် လုပ်ငန်းများ၊ မွေးမြူရေး လုပ်ငန်း များ ၊စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြားရောင်းဝယ် ဖောက်ကားမှု လုပ်ငန်းများတွင်စနစ်တကျ အသုံးပြု ဆောင်ရွက်သွားကြစေလိုကြောင်း၊ ၊ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက် ဆုံးရှုံးပျက်စီး ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည် ကုစားနိုင်ရန်အတွက် ထုတ်ချေးပေးခြင်းဖြစ်ပါကြောင်း၊ ရန်ပုံငွေများကို ထိခိုက်ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက် သွားကြစေ လိုကြောင်း စသည်ဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုဘဝ တိုးတက်မြင့်မား လာစေရေးအတွက် နှစ်စဉ် မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေများထုတ်ချေး ပေးလျက် ရှိကြောင်း သိရသည်။

                   

စိုးမိုး(ယင်းမာပင်)