လဲချားတွင် စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ လှူဒါန်း

လဲချား  ဇူလိုင် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်တွင် ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများအား လှူဒါန်းရာတွင် ပြည်နယ်ကြက်ခြေနီကော်မတီမှ ပေးပို့ထောက်ပံ့သော ပစ္စည်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးမျိုးဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းဇော်ဦးနှင့် တပ်ဖွဲ့ဝင်များမှ ဝမ်ထီကျေး ရွာအုပ်စုရှိ ဆလိုင်းခုံ၊ မတ်မုန်ဆိုင်း၊ တတ်မောက် ကျေးရွာအုပ်စုရှိ ဟိုလုံးကျေးရွာ၊ ဝမ်လေ ကျေးရွာအုပ်စုရှိ နမ့်လေကျေးရွာသို့ သွားရောက်ပြီး  စစ်ဘေးရှောင်ပြည်သူများအတွက် အိမ်ထောင်စု(၁)စုလျှင် ခြင်ထောင် (၁)လုံး၊ စောင်(၁)ထည်နှင့် တစ်ကိုယ်ရေသုံးပစ္စည်း အမျိုးမျိုးတို့ကို အိမ်ထောင်စု (၁၀၀)အတွက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း မြို့နယ် ကြက်ခြေနီအသင်း တပ်ဖွဲ့မှူးမှ ပြောကြားခဲ့ကြောင်း သိရသည်။