မြဝတီ ဇူလိုင် ၂၂
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်ဆီဂျင် အပါအဝင် ကိုဗစ်အထောက်ကူပြုဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို မြဝတီနယ်စပ်မှ တစ်ဆင့် တင်သွင်းခွင့်ပြုပေးလျက်ရှိ ရာ ရန်ကုန်မြို့သို့ ပို့ဆောင်မည့် အောက်ဆီဂျင်အရည် တန် ၂၀ သယ်ဆောင်လာ သည့် မော်တော်ယာဉ်သည် ယနေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်က မြဝတီ ကုန်သွယ်ရေး ဇုန်မှထွက်ခွါသွားကြောင်း သိရသည်။
ထိုသို့ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးတွင် အဓိက လိုအပ် လျက်ရှိသည့် အောက်ဆီဂျင်အရည် တင်သွင်းလာမှုများအား ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီ ကုန်သွယ်ရေး ဇုန်မှ ပြည်သူများ လက်ဝယ် အမြန်ရောက်ရှိစေရေးအတွက် အချိန်ကြန့်ကြာမှုမရှိေစရေး လွယ်ကူ လျှင်မြန်စွာဖြင့် လိုအပ်သည့် နေရာများသို့ ပို့ဆောင်ပေးနိုင်ရေး ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် Mask များ၊ အောက်ဆီဂျင်စလင်ဒါအိုးများ၊ Oxygen Concentrator များကိုလည်း လွယ်ကူ လျှင်မြန်စွာ ဖြင့် တင်သွင်း ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်