သံတွဲခရိုင်ပြည်သူ့ဆေးရုံတွင် တပ်ဆင်အသုံးပြုရန်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ပေးအပ်လှူဒါန်းသည့် (Dual Type ) Oxygen Plant စက်မှ မကြာမီ Oxygen ထုတ်လုပ်နိုင် တော့မည်

သံတွဲ ဇူလိုင် ၂၂ သံတွဲခရိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် တပ်ဆင်အသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ပေးအပ်လှူဒါန်းသည့် (Dual Type) Oxygen Plant စက်မှာ သံတွဲခရိုင် ပြည်သူ့ ဆေးရုံဝန်းအတွင်း တပ်ဆင်ပြီးပါက မကြာမီ Oxygen များ ထုတ်လုပ်နိုင်တော့ မည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ Oxygen Plant စက်တပ်ဆင်ခြင်းကို ဇူလိုင် ၂၅ ရက်နေ့တွင်အပြီး ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်းနှင့် စက်တပ်ဆင်ပြီးပါက တစ်နေ့လျှင် အောက်စီဂျင် (40 Lit) အိုး (၂၄)လုံးကို ထုတ်လုပ်နိုင်မည်ဖြစ်ကာ ထုတ်လုပ်နေစဉ်ကာလအတွင်း လူနာ(၁၆)ဦးသို့ပါပိုက် ဖြင့် ရှုခွင့် ရရှိမည်ဖြစ်ကြောင်း၊ လက်ရှိတွင် Oxygen သုံးစွဲမှုမှာ လူနာအနည်းအများ ပေါ်မူတည်၍ တစ်နေ့ လျင်(၅၅)လုံးခန့် ကုန်ကျလျက်ရှိပြီး လိုအပ်သော Oxygen များကို အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ်မှတိုင်းမှူး၏ စီစဉ်မှုဖြင့်လည်းကောင်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် လည်းကောင်း ၊ ပရဟိတအဖွဲ့များ၏ ကူညီလှူဒါန်းမှုဖြင့်လည်းကောင်း ရရှိနေကြောင်း ၊Oxygen လိုအပ် ချက်များရှိပါက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်၍ ရရှိနိုင် ကြောင်း သံတွဲခရိုင် ဆရာဝန်ကြီးထံမှ သိရသည်။ ထို့ပြင် သံတွဲမြို့နယ်တွင် Oxygen ရရှိရေးအတွက် သိမ်ကုန်းဆရာတော် ဘဒ္ဒန္တတေဇိန္ဒ၏ ဦးဆောင်လှူဒါန်းမှုဖြင့်လည်းကောင်း၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လှူဒါန်းငွေများဖြင့် လည်းကောင်း Oxygen စက်ရုံတည်ဆောက်လျက်ရှိပြီး ဩဂုတ်လအတွင်းပြီးစီးမည်ဖြစ်ကြောင်း ၊ အဆိုပါစက်ရုံတွင် စက်များတပ်ဆင်ပြီးစီးပါက Oxygen တစ်နေ့(40Lit) အိုး (၁၂၀)ခန့် ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်းလည်း မြို့မိမြို့ဖတစ်ဦးထံမှ သိရှိရပြီး ထိုနည်းအတူ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် တွင်လည်း ပုဂ္ဂလိကအလှူရှင်တစ်ဦးမှလည်း အောက်စီဂျင်စက်ရုံ ဆောက်လုပ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။