ညောင်ဦး ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ မေလအတွင်းကရွာသွန်းခဲ့သည့်မိုးဖြင့် ကြဲပက်စိုက်ပျိုးထားသည့် ခြောက်လမြေပဲခေါ်ပဲကြီးများ မိုးရွာသွန်းမှုကောင်းခြင်းနှင့်အ တူမြေပဲစိုက်ပျိုးတောင်သူများ မြေပဲနှုတ်သိမ်း ချိန်မြေပဲရရန် သေချာသလောက်ရှိနေပြီဖြစ်ကြောင်း ကုလားတဲကျေးရွာ မြေပဲစိုက်တောင်သူ ဦးသန်းထိုက်ကပြောကြားသည်။
ညောင်ဦးမြို့နယ်တွင် ဧပြီးလနှင့်မေလတတိယပတ်ထိ မိုးရွာသွန်းမှုမရှိခြင်းကြောင့် နှမ်းကြဲချိန်လွန်ကာ မေလ စတုတ္ထပတ်တွင်ရွာသွန်းခဲ့သည့်မိုးကြောင့် ခြောက်လမြေပဲ များစိုက်ပျိုးခဲ့ရာ မိုးဆက်တိုက်ရွာသွန်းခြင်းကြောင့် မြေပဲစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း နေပြီး မြေပဲစိုက်တောင်သူများပျော်ရွှင်နေကြကြောင်းသိရသည်။ မနှစ်က ညောင်ဦးမြို့ နယ်တွင်ကွက်ကြားမိုးရွာသွန်းခြင်းနှင့်အတူ မြေပဲရပုံခြင်းမတူညီပဲ အချို့မြေပဲခင်းများ မိုးရွာသွန်းမှုမရှိခြင်းကြောင့် မြေပဲပင်များခြောက်သွေ့ကုန်သည်အထိပျက်စီးခဲ့ကြောင်း ဖွားစော ကျေးရွာ မြေပဲစိုက်ပျိုးတောင်သူ ဦးအောင်စိုးကရှင်းပြသည်။
ညောင်ဦးမြို့နယ် ယခုနှစ်မေလကုန်မှစတင်ပြီး မိုးရွာသွန်းမှုကောင်းခဲ့ခြင်းကြောင့် မြေပဲစိုက်ပျိုးသူတိုင်း မြေပဲခင်းများကောင်းနေကြောင်းသိရသည်။ ညောင်ဦးမြို့နယ်တွင် မြေပဲစိုက်ပျိုးချိန် မြေပဲဆန်တစ်တင်း ငါးသောင်းငါးထောင်ကျပ်ပေးဝယ်စိုက်ခဲ့ရပြီး၊ ထွန်စက်ထွန်ယက်ခ တစ်နာရီ နှစ်သောင်းနှစ်ထောင်ကျပ်၊ နွားရှဉ်းထွန်ခ တစ်မနက် တစ်သောင်းနှစ်ထောင် ကျပ်အလုပ်သမငှားရမ်းခ တစ်နေကုန် ၃၀၀၀ကျပ်၊ အလုပ်သမားတစ်နေကုန် ငါးထောင် ပေးစိုက်ပျိုးခဲ့ရကြောင်း၊ မြေဆီ၊မြေနှစ်၊ ရွက်ဖျန်း ဆေးဖိုးများကုန်ကျမှု ရှိခဲ့ကြောင်း၊မနှစ် ကမြေပဲစိုက်ပျိုးစရိတ်အရင်းတောင်ပြန်မရသည့် တောင်သူများရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မြေပဲခင်းများကောင်းနေပြီးနှုတ်သိမ်းချိန် မြေပဲစိုက် တောင်သူများဈေးကောင်း ရရှိရန်မျှော် လင့်နေကြကြောင်း မြေပဲစိုက်ပျိုးတောင်သူများ ထံကသိရသည်။
ကိုထိန်၊KPD