စစ်တွေမြို့နယ်၌ ပန်းခင်းစီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်

စစ်တွေ ဇူလိုင် ၂၂

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ စစ်တွေမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြားများပေးအပ်ခြင်းကို ယနေ့မွန်းတည့် ၁ နာရီက ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်သည်။ ပန်းခင်းစီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုး၊ ခရိုင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးတို့က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရပ်ကွက် စာရေးများထံပေးအပ်ခဲ့ကြသည်။ နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ရာတွင် စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၈)အုပ်စုမှ ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း ၁၃၆၃ ခုကိုပေးအပ်ခဲ့ကြောင်းသိရသည်။ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်တွေမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် ယနေ့ထိ ရပ်ကွက်လေးကွက်၊ ကျေးရွာအုပ်စု ၁၀ ခုတွင် နိုင်ငံသားစိစစ် ရေးကတ်ပြားပေါင်း ၂၂၄၈ ကတ်ကို ထုတ်ပေးဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးမှသိရသည်။ တင်ထွန်း(ပြန်/ဆက်)