အမ်း ဇူလိုင် ၂၃
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Stay Home သတ်မှတ်သည့် ပြည်သူနေအိမ်များအား လူမှုကူညီရေးအဖွဲ့မှ အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ အခက်အခဲမဖြစ်ပေါ်စေရေးဝယ်ယူပေးပို့ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရှိရသည်။
အဆိုပါလူမှုကူညီရေးအဖွဲ့သည် မိမိတို့အသိစိတ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ဆက်စပ်မှုဖြင့် ကျန်းမာရေးဌာနမှ Stay Home သတ်မှတ်သည့် ပြည်သူနေအိမ်များအား အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ ဝယ်ယူမှုအခက်အခဲမဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဦးသန်းနိုင်ထွေး ဦးဆောင်မှုဖြင့် အဖွဲ့ဝင်(၉)ဦး ပါဝင်သောအဖွဲ့သည် ThanNaing Htwe အမည်ဖြင့် လူမှုကွန်ယက်စာမျက်နှာ Face Book Page တွင် ဝယ်ယူပေးပို့ရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို အသိပေးထားရှိကြောင်း သိရှိရသည်။
၎င်းတို့အဖွဲ့မှ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများထားရှိရာ ဆေးရုံနှင့် Stay Home သတ်မှတ် သည့် ပြည်သူနေအိမ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ အစား အသောက်နှင့် ဆေးဝါးပစ္စည်းများအား ဇူလိုင်လ(၁၉)ရက်နေ့မှ စတင်၍ ဝယ်ယူပေးပို့ဆောင်ပေး လျက်ရှိကြောင်း ဦးသန်းနိုင်ထွေး၏ ပြောပြချက်အရသိရှိရသည်။
ဝင်းအိမွန်